AI ဆရာဝန် , AI သူနာပြုတွေနဲ့ ကုသမယ့် AI ဆေးရုံကို ဖန်တီးနေတဲ့ တ-ရုတ်
AI ကို ရသလောက် အလုံးစုံအသုံးပြုဖို့ တ-ရုတ်က ကြိုးစားနေတာဖြစ်ပြီး လူသားအင်အား မပါသလောက်နည်းပါးမယ့် AI ဆေးရုံ ပေါ်ထွက်လာဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။ အဲဒီ ကမ္ဘာ့ ပထမဆုံး AI နဲ့ လည်ပတ်မယ့် ဆေးရုံမှာ AI ဆရာဝန် (စက်ရုပ်) ၁၄ ယောက် , AI သူနာပြု ၄ ယောက်လောက်နဲ့ ဆေးကုဖိုု့ လျာထားပါတယ်။ AI ဆေးရုံရဲ့ ရည်ရွယ်ချက် တစ်ခုကတော့ ဆရာဝန်လိုအပ်တဲ့ နေရပ်မှာ မြန်မြန်ဆန်ဆန် အကျိုးရှိရှိ ကုသနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့အသ-က် နဲ့ သက်ဆိုင်လို့ AI ဆေးရုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရှင်းနိုင်ဖို့ အချိန်ယူရပါအုံးမယ်။
