4 w - Translate

ဘန်ကောက်မှာ ကားလမ်းကြပ်တာဖြေရှင်းဖို့Google က AI စနစ်နဲ့ ကူညီမယ်
ဘန်ကောက်မှာ ကားလမ်းကြပ်တာကို ပူးပေါင်း ဖြေရှင်းဖို့အတွက် Google နဲ့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့တို့တရားဝင်သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ယောက်က ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။ Google ရဲ့ များပြားတဲ့ ဒေတာထိန်းသိမ်းစနစ် နဲ့ AI အကူအညီကိုပါပေါင်းစပ်ကာ ဘန်ကောက်မှာ ကားလမ်းကြပ်တာကိုသာမက လေထုညစ်ညမ်းတာကိုပါလျှော့ချဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ နေ့စဉ် ကားအများဆုံးမောင်းနှင်တဲ့အနေအထား , ကားသွားလာမှုများပြားတဲ့ လမ်းကြောင်းအနေအထား , ဘယ်အချိန်တွေမှာကားလမ်းကြပ်တာ အများဆုံးလဲ စတဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုစိစစ်ကာ မီးပွိုင့်တွေကို စီမံခန့်ခွဲတာလည်းပါဝင်ပါမယ်။ ဒါပေမယ့် ဘန်ကောက်က မြို့ခံတချို့ ကတော့ ကားလမ်းမကြပ်အောင် Google လည်း မလုပ်ပေးနိုင်လောက်ဘူးလို့ မှတ်ချက်ပေးနေကြပါတယ်။ ဘန်ကောက်အစိုးရအဖွဲ့ဟာ ရှေ့ပိုင်းမှာလည်း ကားလမ်းမကြပ်အောင် နည်းလမ်းတချို့ကို လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ဘူးလို့ မြို့နေလူထုတချို့က မှတ်ချက်ပေးထားကြပါတယ်။

image