4 w - Translate

မောင်းသူမဲ့ လျှပ်စစ်ထရပ်ကားတွေနဲ့ သတ္တု တူးဖော်နေတဲ့ တ-ရုတ်
တရုတ်နိုင်ငံ မွန်ဂိုလီးယား အတွင်းပိုင်းကYimin မိုင်းတွင်းမှာတော့ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ လျှပ်စစ်ထရပ်ကားတွေနဲ့ သတ္တုတူးဖော်သယ်ဆယ်တာတွေ လုပ်ဆောင်နေပါတယ်။ အကြီးမားဆုံး အားသာချက်ကတော့ လူ့ အသ-က် ထိခိုက်ဖို့ အခွင့်အလမ်းနည်းပါတာဖြစ်ပါတယ်။ အဲဒီကားတွေကို ဉာဏ်ရည်တု၊ cloud computing နဲ့ 5G အင်တာနက်တွေနဲ့ပါ ချိတ်ဆက်ထားပါတယ်။တစ်ကြိမ်အားအပြည့်သွင်းထားရင် တန်ချိန် ၉၀ နီးပါးကို တင်ဆောင်သွားလာနိုင်ကာ အမြန်ဆုံးနှုန်းက တစ်နာရီကို 50 kilometers ဖြစ်ပါတယ်။ အေးခဲတဲ့ ရာသီဥတုမှာလည်း အဲဒီကားတွေက အလုပ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ မိုင်းတွင်းမှာ ကားအစီး တစ်ရာလောက်သွားလာလှုပ်ရှားနေကြပါတယ်။ ကားအတွက် ဘက်ထရီ ဖြုတ်လဲတပ်ဆင်ဖို့ကလည်း ဆယ်မိနစ်တောင်မကြာပါဘူး။

image