ဒေါ်လာ ၇၀ တန် ဒီဂျစ်တယ်ကင်မရာ ထုတ်လိုက်တဲ့ Lenovo
ဒီဂျစ်တယ်ကင်မရာနဲ့ vlog ရိုက်ချင်သူတွေအတွက် ဈေးအသက်သာဆုံး compact ကင်မရာပါ။
JD.com မှာ တရားဝင်ရောင်းနေပြီ ဖြစ်တဲ့ Lenovo C55 ကင်မရာက ရုပ်ထွက်မြင့် ဓါတ်ပုံတွေကို detail ကျကျ ရိုက်နိုင်မယ့် 64MP 1/3" Sony CMOS sensor နဲ့ လာပါတယ်။ 18x digital zoom ပါတဲ့ ကင်မရာဖြစ်လို့ အနီးအဝေး subjects တွေ ရိုက်လို့ကောင်းပါမယ်။
ရုပ်ထွက်ကောင်းပြီး ကာလာ texture တွေ ကြွစေဖို့ ကင်မရာမှာ built-in Image Processing engine ထည့်ထားပါတယ်။ ကင်မရာက 4K video ရိုက်ကူးနိုင်ပြီး photo နဲ့ video mode ပြောင်းဖို့ စမတ် rotary control လေးတစ်ခု ပါပါတယ်။
ဒီခလုတ်လေးလှည့်ပြီး timer ပေးပြီး ဓါတ်ပုံရိုက်တာ ၊ ပုံတွေ ဆက်တိုက်ရိုက်တဲ့ burst mode သုံးတာ ၊ special effects သုံးတာ ၊ loop recording နဲ့ slow-mo ဗွီဒီယိုလို ကင်မရာ features တွေ သုံးနိုင်မှာပါ။ Lenovo C55 ကင်မရာမှာ built-in flash နဲ့ EIS ရုပ်ငြိမ်စနစ် ပါသလို ရိုက်ထားတဲ့ ပုံတွေ နဲ့ menu တွေ ကြည့်နိုင်မယ့် ၂.၈ လက်မ viewfinder လည်း ပါပါတယ်။
1300mAh ဘက်ထရီသုံးထားတာ ဖြစ်လို့ ဓါတ်ပုံရိုက်ဖို့ မိနစ် ၁၂၀ ဒါမှမဟုတ် ဗွီဒီယိုရိုက်ကူးရေးအတွက် မိနစ် ၈၀ ဆက်တိုက် အသုံးခံမှာပါ။ USB C port နဲ့ အားသွင်းနိုင်ပြီး 128GB အထိ storage တိုးနိုင်ဖို့ TF card support လည်း ပေးထားပါတယ်။ အဖြူတစ်ရောင်တည်းနဲ့ လာပြီး ကင်မရာနဲ့အတူ USB-C cable ၊ wrist strip နဲ့ storage bag လို accessory တွေလည်း တစ်ခါတည်း ပါမှာပါ။
64GB ဗားရှင်းကို ၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ 128GB ဗားရှင်း ၅၅၉ ယွမ် (မြန်မာငွေ ၃ သိန်း ၃ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချနေတာပါ။
