4 w - Translate

Snapdragon 8 Elite သုံးပြီး Glyph Lighting ဖြုတ်ချမယ့် Nothing Phone 3
.
Nothing ကနေ လာမယ့် ဇူလိုင်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်မှာ Nothing Phone 3 ကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်...။
ဒီနှစ် Nothing Phone 3 က ပြောရရင် Nothing ကုမ္ပဏီအတွက် နောက်တစ်ဆင့်ကို ထပ်တက်မယ့်အဆင့်တစ်ခုလို့တောင် ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် Performance ပိုင်းမှာ ပထမဆုံးအနေနဲ့ Flagship Chipset - Qualcomm Snapdragon 8 Elite ကို သုံးလာမယ်ဆိုပြီး သတင်းထွက်နေတယ်။ ဆိုတော့ တခြား Flagship ဖုန်းတွေနဲ့ တန်းယှဥ်ဖို့ စကြိုးစားမယ့်ဖုန်းဖြစ်လာလိမ့်မယ်။
နောက်ထပ် ထူးခြားချက်တစ်ခုကြတော့ Nothing ဖုန်းတွေဆိုပြီး လူစသိခဲ့၊ Signature Feature ဖြစ်လာတဲ့ Glyph Lighting ကို Nothing Phone 3 မှာ လုံးဝ ဖြုတ်ချတော့မှာပဲ။​
အဲ့ဒီအစား Nothing ကနေ လက်ရှိ ASUS ROG Phone တွေမှာလိုမျိုး Dot-matrix mini-LED တွေကို Pixel Art ပုံစံမျိုးပြပေးနိုင်တဲ့ Display တစ်ခုကို အနောက်မှာ သုံးသွားမယ့်ပုံစံပဲ။​ ပြောရရင် Unique ဖြစ်နေတဲ့ Feature ကို ကိုယ့်ဘာသာဖြုတ်ချပြီး တခြားဖုန်းတွေမှာ ရှိဖူးတဲ့ Feature ကို ပြောင်းထည့်မယ်ဆိုရင်တော့ တမျိုးတော့ဖြစ်သွားတယ်။​
ဘာပဲဖြစ်ဖြစ် Nothing ဆိုတာကလည်း အမြဲတမ်း ပုံစံတစ်ခုကွဲထွက်နေအောင် လုပ်နေကြဆိုတော့ ဒီနှစ် Nothing Phone 3 ကလည်း သတင်းထွက်နေပေမယ့် တကယ်မိတ်ဆက်ရင် ဘယ်လိုထူးခြားမလဲတော့ စောင့်ကြည့်ရမယ်...။​

image