4 w - Translate

219g ထက်တောင် ပိုပေါ့မှာသေချာသွားပြီ
.
vivo ကနေ Weibo စာမျက်နှာမှာ မကြာခင်အသစ်မိတ်ဆက်မယ့် Foldable ခေါက်ဖုန်း - X Fold5 ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ vivo X Fold5 ဟာ လက်ရှိ OPPO Find N5 အပြင် မကြာခင်မိတ်ဆက်တော့မယ့် Honor Magic V5 လိုမျိုးနဲ့ ယှဥ်ပြိုင်မှာဖြစ်ပြီး အရင်ထက် ပိုပါးပိုပေါ့သွားမှာပါ။
ပထမဆုံး အလေးချိန်အနေနဲ့ လက်ရှိ vivo X Fold3 ဟာ 219g ရှိပြီး Teaser Video မှာ ယှဥ်ပြီး ချိန်ပြခဲ့တဲ့ ပုံအရ ပိုပြီး ပေါ့ပါးမှာ သေချာနေပါတယ်။ အဲ့ဒီအပြင် အထူကလည်း ဖြန့်ထားတဲ့အချိန်မှာ 4.33mm ပဲရှိမယ်လို့ သတင်းထွက်နေပြီး ယခင်ထက် ပိုပါးသွားမှာပါ။
ဒါတင်မဟုတ်သေးဘဲ Specs တွေအနေနဲ့ဆိုရင် ဖြန့်လိုက်တဲ့အချိန်မှာ 8.03" 2K+ 120Hz AMOLED Main Display | Cover Display ကို 6.53" FHD+ 120Hz AMOLED Display တွေပါဝင်မှာဖြစ်ပါတယ်။​ Performance ပိုင်းမှာတော့ Qualcomm Snapdragon 8 Gen 3 Chipset ပဲ သုံးလာမှာဖြစ်ပြီး 6000mAh Battery ကို 90W Fast Charging | 30W Wireless Charging တွေ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။​
ကင်မရာပိုင်းအနေနဲ့ 50MP Sony IMX921 Main Camera | 50MP Ultrawide Lens | 50MP 3x Telephoto Lens တွေပါဝင်မှာဖြစ်ပြီး 32MP Selfie Camera လည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။​
ထူးခြားချက်တစ်ခုက vivo X Fold5 ဖုန်းဟာ ယခင်ထက် စျေးပိုသက်သာမယ်ဆိုပြီး သတင်းထွက်နေတာဖြစ်ပါတယ်။ မနှစ်တုန်းက vivo X Fold3 Pro ဖုန်းဟာ 9,999 Yuan နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး OPPO Find N5 ဖုန်းကလည်း တရုတ်ပြည်တွင်းမှာ 8,999 Yuan နဲ့ ရောင်းချနေတာကြောင့် vivo X Fold5 ရဲ့ စျေးနှုန်းဟာ ပိုပြီး သက်သာတဲ့စျေးနဲ့ မိတ်ဆက်ဖို့များနေတာပါ။​
ဘာပဲဖြစ်ဖြစ် Camera ပိုင်းမှာ X200 Series လောက် မကောင်းရင်တောင် Foldable ဖုန်းတွေထဲမှာ စောင့်ကြည့်ရမယ့် ဖုန်းတစ်လုံးထွက်လာတော့မယ်။​
#techgadgetmm #news

image