4 w - Translate

တစ်ထိုင်တည်းနဲ့ ငွေကိုပုံအောပြီးတော့ ခေါ်ယူနိုင်တဲ့ ဆော်ဒီရဲ့ခေတ်နဲ့ ကြုံနေရချိန်မှာ အသင်းအပေါ် ချစ်မြတ်နိုးတဲ့စိတ် နဲ့ သစ္စာရှိတဲ့စိတ်ဆိုတာ မပျောက်ကွယ်သေးကြောင်းကို ဘရူနိုကသက်သေပြလို့ သွားတယ်။
တစ်နေ့လုပ်ခလစာ ယူရို ၂ သိန်းကျော်အထိလည်းရမယ်။ လိဂ်ဖလားအောင်မြင်မှုလည်း ခံစားရမယ်၊ မီလျံနာအဖြစ်နဲ့လည်းပဲ မိသားစုဘဝကို တစ်ဆစ်ချိုးပြောင်းလဲ ပေးနိုင်လိမ့်မယ်။ ဒီလိုမျိုးအရာတွေကို ဘယ်လိုသတ္တိနဲ့ငြင်းလိုက်လဲ၊ တကယ်ကိုမလွယ်တာပါ။
ယူနိုက်တက်မှာ နေလိုက်တာက သူ့အတွက်အောင်မြင်မှုလည်း မသေချာဘူး။ ဘယ်အချိန်မှာ အသင်း က ဦးမော့လာမလဲမသေချာဘူး။ လစာလည်းတိုးလာမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း သစ္စတရားနဲ့ အသင်းချစ်စိတ်နဲ့ ဘရူနိုဟာ ငြင်းချလိုက်တယ်။ သရဲနီတို့ အချစ်ပိုရပါတယ်။

image