#နိုင်ငံတကာသတင်း
◼ ကူညီထောက်ပံ့‌ရေးစခန်းသွားလမ်းများအား တိုက်ပွဲဇုန်များအဖြစ် အစ္စရေးစစ်တပ်ကြေညာ
ဂါဇာမှ ကူညီထောက်ပံ့‌ရေးစခန်းများကို တစ်ရက်တာပိတ်ထားလိုက်ပြီး ယင်းနေရာများသို့ သွား သည့် လမ်းများကို တိုက်ပွဲဇုန်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အစ္စရေးစစ်တပ် က ပြောကြားသည်။
ဖွဲ့စည်းတည်ဆောက်ပုံ နှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများအတွက် အကူအညီပေးရေး နေရာဌာများကို တစ်ရက်တာ ပိတ်သိမ်းလိုက်ကြောင်း အမေရိကန်နှင့်အစ္စရေးတို့ ထောက်ခံကာ ပြီးခဲ့သည့်သီတင်းပတ်က လုပ်ငန်းစတင်ခဲ့သည့် အငြင်းပွားဖွယ်ရာ အကူအညီပေး‌ရေး ကွန်ရက် ဖြစ်သည့် ဂါဇာ လူသားချင်း စာ နာထောက်ထားမှုဖောင်ဒေးရှင်း(GHF) က ပြောကြားသည်။
ယမန်နေ့ အစောပိုင်း တွင် အကူအညီပေးရေး စခန်းအနီး၌ အစ္စရေးစစ်ဘက်က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၇ ဦး သေဆုံးခဲ့ကြောင်း ဟားမားစ်အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။
ယင်းမှာ GHF အကူအညီပေးရေးနေရာသို့ သွားရာ လမ်း‌ပေါ်၌ သုံးရက်ဆက်တိုက် ပစ်ခတ် သေဆုံးမှုများ ဖြစ်သည်။
အကူအညီပေးရေးနေရာများသို့ သွားရန် သတ်မှတ်ထားသော လမ်းကြောင်းများမှ ဘေးသို့ထွက်၍ ၎င်းတို့ဆီဦးတည်လာသော မသင်္ကာသူများကို တွေ့ရှိခဲ့ပြီးနောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်(IDF) က ပြောကြားသည်။
ရာဖာမြို့အနောက်ပိုင်းတွင် အကူအညီပစ္စည်းများ ရယူရန် စောင့်ဆိုင်းနေသော အရပ်သားလူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ပြီးနောက် သေနတ်ဒဏ်ရာရထားသူများ ၎င်းတို့ ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း ယမန်နေ့ ဖြစ်ရပ် အပြီးတွင် ခန်ယူနစ်မြို့ နက်ဆာဆေးရုံ မှ ဒါရိုက်တာ အာတက်ဖ်အယ်ဟောက် က ဘီဘီစီအား ပြောကြားခဲ့သည်။
လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပြီး မိမိတို့ထံသို့ လူနာအများအပြား ရောက်ရှိလာခဲ့ကြောင်း ယင်းဒေသတွင် အလုပ်လုပ်နေသော နိုင်ငံရပ်ခြား ဆေးပညာရှင်တစ်ဦးကလည်း ပြောသည်။
ယင်းပစ်ခတ်မှု ဖြစ်ရပ်များအား အမှီအခိုကင်းစွာချက်ချင်း စုံစမ်းစစ်ဆေးမှုလုပ်ရန် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။
အကူအညီပေးရေးနေရာများအား ပိတ်လိုက်ခြင်းမှာ GHF ဆိုသည်မှာ မည်သူမည်သူဝါများဆိုသည် နှင့် တာဝန်ယူမှု မရှိခြင်းကို ပြသနေကြောင်း ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂုလ် စတီဖိန်းဒူဂျာရစ် ကလည်း ပြောကြားပြီး အကူအညီပေးရေးနေရာများအနီးတွင် လက်နက်ကိုင်များကို တွေ့နေရပြီး ၎င်းတို့မည်သူ ၊ ၎င်းတို့ကို မည်သူက တာဝန်ခံသည်ဆိုသည်ကို မသိရကြောင်း ဒူဂျာရစ် က ဆက်လက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image