4 w - Translate

ကြက်ဟင်းခါးအညွန့်ကို ပြုတ်တို့၍လည်းကောင်း၊ အသီးကိုအခွံခြစ်လှီး၍ ဆားနှင့်နယ်၊ အခါးရည် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့်ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲပုစွန်တို့နှင့် ရောနှောချက်ပြု၍လည်း ကောင်း၊ အသီးကင်းများကိုပြုတ်၍ အတို့အမြုပ် အဖြစ်လည်းကောင်း စားသောက်ကြသည်။
မျိုးရွေးချယ်ခြင်း
ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင် အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။ အလုံးသေးမျိုး သည် ဟင်းချက်ရာတွင် လေးသောအရသာရှိ၍ ကြိုက်နှစ်သက်
ကြသည်။ အရှည် ၁၀ လက်မခန့်ရှိသော အဖြူရောင်၊ အစိမ်းရင့်မျိုးများကို တဖြည်းဖြည်း စိုက်ပျိုးလာကြသည်။ မျိုးအားလုံးသည် စိုက်ပြီးရက် ၅၀-၆၀ တွင် စတင်ခူးဆွတ်နိုင်သည်။ တစ်ဧကလျှင် အပင် ၆,၀၀၀-၈,၀၀၀ ခန့် စိုက်နိုင်သည်။
စိုက်ချိန်အေး၍ ဆီးနှင်းကျတတ်သောတောင်ပေါ်ဒေသတွင် ဆောင်းရာသီ၌ ဖြစ်ထွန်းမှုနည်း၍ နွေနှင့် မိုးရာသီ တွင် စိုက်သင့်ပြီး ကျန်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်နိုင်သည်။
အပြည့်အစုံကို ပုံကိုနှိပ်၍ ဝင်ရောက်ဖတ်ရှနိုင်ပါတယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ မျိုးကောင်းရွေးချယ်စိုက်ကြစို့🌱

image