အုန်းချိုမွှေးစိုက်ပျိုးပြီအပင်အစားကြွေးပုံအဆင့်ဆင့်ပါ🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴
၁၊အပင်အားပုံမှန်အစာကြွေးရန်လိုအပ်ပါသည် ရောဂါပိုးများမကျရောက်အောင်ရွက်ဖြန်းပိုးသတ်ဆေးများပေး၍ပုံမှန်ကုသကာကွယ်သင့်ပါသည်🌴🌴🌴🌴🌴🌴
၂၊၁၆ပတ်လည်ယိုးဒယာအစာကိုနို့ဆီဘူး၂ဘူးခန့်/အရိုးမူန့်မြေဩဇာဘူးတစ်ဝက်ခန့်(အရသာကောင်မွန်စေရန်)
၃လတစ်ကြိမ်/၄လတစ်ကြိမ် သို့မဟုတ်
မိုးဦးကာလ မိုးအလယ်ကာလနှင့် မိုးနှောင်းကာလ တို့ တွင် တစ်ကြိမ်စီ.အစိုဓါတ်ရရှိချိန်ကြွေးပေးပါ
၃ဆားကြမ်းကို၃လတစ်ကြိမ်တစ်ဘူးကြွေးပါ
အုန်းအလက်ကြားထဲဆားသိပ်ထည့်ထည့်ပေးပါ
အုန်းလက်ကိုမခုတ်ရမဖြတ်ရအားတိတ်တတ်သည်။
၄။အုန်းပတ်ပတ်လည်တွင်ရှိသောချုပ်ထားသောအမျှင်များကိုဖြတ်ပေးပါ အုန်းလက်ကိုကားအောင်ဖိပေးပါ
၅။Made in Thailand (Transform)ရွက်ဖြန်းအားဆေးကိုတစ်လတစ်ကြိမ်ဖြန်းပေးပါ
၆။အုန်းပင် အရင်းမှ ဘေးဖက် လေးပေအကွာ တွင် တစ်ပါတ်လုံး မြောင်းငယ် က လေး တူးပါ
ထိုမြောင်းထဲ သို့ ချ ကျွေးပါသည်
အချို့လည်း သံတူးရွင်း ဖြင့် တစ်ပေခန် အနက် မြေဆီလွှာ ထဲ စိုက်ထည့် ကာ စက်ဝိုင်း ပတ် လှည့်လိုက်ပြီး က တော့ပုံ တွင်း ငယ် ပြုလုပ်ကာ မြေသြဇာကို ထည့်ပေးနိုင်သည် ။
တစ်ပင် လျင် ၆ ကျင်း မှ ၁၂ ကျင်း အထိ ပြု လုပ်နိုင်သည်။
၇။အ ရေး အကြီးဆုံး ဒြပ်စင် ... ပိုတက်ဆီယမ် K , နို က် ထ ရို ဂျ င် N ၊ ဖော့ဖိုးရပ် P
ဒုတိယ အဆင့် .. မဂ္ဂနီဆီယမ် MG , ကလိုရင်း CL, ကယ်လ ဆီယမ် CA , ဆာလဖာခေါ် ကန့် S နှင့် ဆိုဒီယမ် NA တတိယအဆင့် .. ဇင့် ZN , ဘို ရွန် B နှင့် မ ဂ္ဂ နီး MN တို့ ဖြစ်သည်။
၈။လိုအပ် ပမာဏ .. အရွယ်ရောက်ပြီးသော အုန်းပင် တစ်ပင် ကို တစ်နှစ်တာကာလ အတွင်း နိုက်ထရိုဂျင် 👎 500 gm , ဖော့စဖိတ် (P) 320 gm , ပိုတက်ဆီယမ် (K) 1200 gm လိုအပ်ပါသည်.
အော်ဂဲ နစ်မြေသြဇာ ၂၅ ကီလိုမှ ကီလို ၅၀ အထိ အသုံးပြုသင့် သည်.၊၊
၉။အနုခူးပါကအရွယ်ရောက်အုန်းအနုကိုခူးရပါမည်
အရင့်ခူးအသားအတွက်ခူးပါကအရင့်မှန်သောအုန်းခူးရပါမည် အပင်ဖောက်ရန်အတွက် လိုအပ်ပါကရင့်ခြောက် သောအသီးကို ရွေးခူး၍ အပင်ဖောက်ရပါမယ်
၁၀။အုန်းချိုမွှေးခွဲခြားရန်အတွက်အမြစ်ကိုဖဲ့ပြီးနမ်းကြည့်ပါအုန်းရည်နံထက်ထန်းသီးနံပိုရပါသည်အုန်းချိုမွှေးလည်းအနံသည်ထန်ရည်အနံဖက်ပိုလိုက်ပါသည်
အပင်မှ အသီးခူးသည်အခါ မိမိသုံးလိုသောအသီးကိုရွေး ချယ်ခန့်မှန်းပြီး ခူးဖို့လိုအပ်ပါသည်။
၁၁။အုန်းပင်ဖောက်ပိုးကျရောက်ပါက အပေါက်လိုက်ရှာပြီး အတွင်းမှအကောင်ကိုဖမ်းပြီးရှင်းလင်းရပါမယ်
မဟုတ်ပါကအပင်သန်မူအားနည်းပြီးတစ်ဖြေးဖြေးအာဟာပြတ်ကာသေသွားနိူင်ပါသည်
၁၂ကြက်ခြေနွားချေးကျွေး ရာတွင်တိုက်ရိုက်မကျွေး ဘဲ
EMနှင့်ရော၍သဘာဝမြေဩဇာလုပ်ပြီးမှကျွေး
သင့်ပါသည်။
နောက် ချေးများမှပိုးမွှားများအပင်ကိုဒုက္ခပေးပြီးရောဂါများကျရောက်တတ်သဖြင့်အထူးသတိပြုရန်လိုအပ်ပါသည်
