#အိမ်စားစာကလေးခွေအလွယ်ကြော်နည်းလေး
ပဲစိမ်းမုန့်150gအထုပ်တထုပ်လုပ်တာဇကာတလုံးလောက်ရတယ်
ပဲစိမ်းမုန့်တထုပ်
ကောက်ညှင်းမုန့်ထမင်းစားဇွန်းနှစ်ဇွန်း
သကြားအနည်းငယ်
ဆားအနည်းငယ်
ကျွန်မကကြက်သားမုန့်လေးပါထည့်ထားပါ တယ်
ပြီးရင်ရေကိုထမင်းစားဇွန်းနဲ့ဆယ်ဇွန်းထည့်ပြီး
ဒီလိုခပ်ပျစ်ပျစ်အနေအထားရအောင်ဖျော်ပါတယ်
ပြီးရင်အိတ်လေးတလုံးထဲထည့်ပါ
အိတ်ကိုဒီလိုအစွန်းတဖက်ကိုပါဆွဲကိုင်လိုက်ပြီးချွန်ချွန်လေးဖြစ်အောင်ကိုင်ပါ
ပြီးရင်ထိပ်လေးကနေကပ်ကြေးနဲ့သေးသေးလေးညှပ်လိုက်ပါ
ဆီပူအောင်တည်ပြီး
မုန့်ရည်လေးတွေကိုဝိုင်းပြီးညှစ်ချပါ
အဝိုင်းအနေအထားကိုယ်ကြိုက်တဲ့ပုံစံအနေအထားလုပ်ပါ
မီးမပြင်းပါစေနဲ့
ခဏလေးနဲ့အောက်က ကျက်ပြီးပွတက်လာပါတယ်
တဖက်ကိုလှန်ပါ
ဟိုဖက်လှန်ဒီဘက်လှန်နဲ့ဒီလိုလေးရရင်ရပါပြီ
ကြော်ချိန်ငါးမိနစ်လောက်ဆိုရပါတယ်
လုပ်ရတာမခက်သလို စားရတာလည်းဆီသန့်တော့စိတ်ချလက်ချစားလို့ရတယ်
ကြော်ပြီးဗူးလေးတွေထဲထည့်သိမ်းထားစားချင်တဲ့အချိန်စားလို့ရပါတယ်
ကိုယ်တိုင်ကြော်ရင်အိမ်က ကလေးတွေရောလူကြီးတွေပါစိတ်ချစွာစားလို့ရပါတယ်ရှင်
