ငါးရံ့ဆီပြန်
***********
ဒီနေ့တော့ ငါးရံ့ကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ ဆီပြန်ချက်နည်းလေးတင်ပေးလိုက်ပါတယ်နော်။
အရမ်းကို ထမင်းမြိန်သောငါးဟင်းတခွက်ပါ။
ဟင်းစချက်တော့မယ်ဆိုရင်
ငါးရံ့ကို စင်နေအောင်ဆေး၊ဓါးထက်ထက်နဲ့ အရွယ်သင့်သင့်အတုံးလေးတွေ ညီနေအောင် တုံးပြီး
ငံပြာရည်၊ဟင်းခပ်မှုန့်၊ နနွင်း များများလေးနဲ့နယ်ထားပါတယ်။
ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ခြစ်၊ ခရမ်းချဉ်သီး ပါးပါးလှီးပြီး
ကြက်သွန်ဖြူ,နီ, ငရုတ်သီးစိမ်းမှုန့်လေး ဆီသပ် ခရမ်းချဉ်သီးထည့် လိပ်ပြီး အစိမ်းနံ့ပျောက်တဲ့ထိ လှိမ့်ပြီး သန့်စင်ထားတဲ့ငါးရံ့နဲ့ ဂျင်းထောင်း ထည့်မွှေ၊ လုံးပြီး ရေနွေးပူထည့်ပါတယ်။
စပ်စပ်လေးကြိုက်ရင် ငရုတ်သီးအစိမ်းတောင့်ပါ ထည့်ပါ။ ကျမတော့ ငရုတ်သီးစိမ်းကုန်နေလို့ မရှိလို့ မထည့်လိုက်ရပါဘူး။
အနံ့မွှေးမွှေးလေးရချင်လို့ နံနံပင်အုပ်၊ ခနမွှေ၊ အိုးချပြီး စပါယ်ရှယ်ကြိတ်😬လို့ရပါပြီရှင်။
