ကောက်ညှင်းရွှေထမင်း အလွယ်လုပ်နည်းလေး
ပါဝင်ပစ္စည်းများ.........
- ကောက်ညှင်းဆန် ၁ လုံး (ညတည်းကရေစိမ်ထားပါ)
- ထန်းလျှက် ၁၀ သား
- အုန်းသီး (လိုသလောက်)
- ဆား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ထောပတ်ဆီ ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ထောပတ်ဆီမရှိပါက ရိုးရိုးဆီထည့်ပါ။
ကောက်ညှင်းဆန်ကိုရေနို့ဆီ ၁ ဘူးမပြည့်တပြည့်နဲ့ ပေါင်းအိုးနဲ့ချက်။ ထန်းလျှက်ရည်ကျိုပြီး စစ်ပြီးရင် ဆားထည့်ပြီး ဆူအောင်ပြန်တည်။ ပျစ်လာရင်ကောက်ညှင်းချက်ထားတာထည့်။ ထောပတ်ဆီ or ရိုးရိုးစားဆီ 1 ဇွန်းထည့်၊ ရေကုန်ပြီးခဲလာရင် ဆီသုတ်ထားတဲ့ဗန်းထဲလောင်းထည့်၊ မျက်နှာပြင်ညှိ ဖိပေး ကောက်ညှင်းအေးသွားပြီးဆိုရင် လှီးလိုရပါပြီး။
အပေါ်က အုန်းသီခြစ်ထားတာဖြူးလိုက်ရင် အရမ်းအရသာရှိတဲ့ ရွှေထမင်းလေး စားလို့ရရှိပါပြီ.........။
#ရွှေထမင်း #crd
