4 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ကျောင်းကုန်း၌ခရီးသည်ယာဉ်တစ်စီးလမ်းဘေးထိုးကျ၊ တစ်ဦးသေဆုံး ၁၁ ဦးဒဏ်ရာရရှိ
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇/၇)၌ ယနေ့(ဇွန် ၄ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ခရီးသည်ယာဉ်တစ်စီးလမ်းဘေးထိုးကျပြီး သစ်ပင်အားဝင်တိုက်ခဲ့ခြင်း ကြောင့်တစ်ဦးသေဆုံးပြီ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါခရီးသည်တင်ယာဉ်မှာ ကျုံပျော်မှရန်ကုန်သို့မောင်းနှင်လာခြင်းဖြစ်ပြီး သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၇၇/၇)အရောက်တွင် ဘရိက်ပေါက်၍လမ်းဘေးသို့ထိုးကျကာ သစ်ပင်အား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းသေဆုံးခဲ့ပြီး ခရီးသည် ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
"ဖြစ်စဉ်အတိကျတော့မသိသေးဘူး။ ဘရိတ်ပေါက်တယ်ဆိုတာပဲကြားရတယ်။ ယာဉ်မောင်းကတော့ အခင်းဖြစ်တဲ့နေရာမှာသေဆုံးတယ်။ ခရီးသည်စုစုပေါင်းအမျိုးသား၊ အမျိုးသမီး ၁၁ ဦးဒဏ်ရာရတယ်" ဟု ကျောင်းကုန်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD

image