#နိုင်ငံတကာသတင်း
◼ ပျက်သုဉ်းလုနီးပါး ဒီမိုကရေစီ ပြန်ရှင်သန်အောင်လုပ်မည်ဟု တောင်ကိုရီးယားသမ္မတသစ် ကြွေးကြော်
စစ်အုပ်ချုပ်ရေးပြဌာန်းရန် ကြိုးပမ်းမှုကြောင့် ပျက်စီးလုနီးပါးနိုင်ငံကို မြှင့်တင်ပြီး ၎င်းတို့၏ဖြစ်တည်မှုကိုပင် ခြိမ်းခြောက်နေသော ကမ္ဘာလုံးဆိုင်ရာကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ စီးနင်းခံနေရသောတိုင်းပြည် စီးပွားရေးကို ပြန် လည် ရှင်သန်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင် ကိုရီး ယားလစ်ဘရယ်သမ္မတသစ် လီဂျေးမြောင်က ကတိပြုပြောကြားခဲ့သည်။
စစ်အုပ်ချုပ်ရေးပြဌာန်းရန် ကြိုးပမ်းမှုအတွင်း သမ္မတအဖြစ် သုံးနှစ်သာ တာဝန်ထမ်းဆောင်ရသေးသော ယွန်းဆွတ်ယိုးပြုတ်ကျသွားခဲ့ပြီးနောက် ယမန်နေ့က ရှောင်တစ်ခင်ရွေးကောက်ပွဲ၌ လီဂျေးမြောင်၏ ပြတ် သားသော အနိုင်ရလဒ်သည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံအား အပြောင်းလဲကြီး ပြောင်း လဲသွားစေတော့မည် ဖြစ်သည်။
လီဂျေးမြောင်သည် တောင်ကိုရီးယားခေါင်းဆောင်တစ်ဦးအတွက် နှစ်ပေါင်းသုံးဆယ်နီးပါးကာလအတွင်း အကြီး မားဆုံးဖြစ်နိုင်သော စိန်ခေါ်မှုများကိုရင်ဆိုင်နေရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
“အစိုးရအဖွဲ့ဟာ လက်တွေ့ကျတဲ့ ဈေးကွက်လိုလားတဲ့ အစိုးရ ဖြစ်ပါလိမ့်မယ်။” ဟုလွှတ်တော်တွင် သမ္မတဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သမ္မတသစ်က ပြောကြားသည်။
လွန်ခဲ့သော ခြောက်လကမူ လီသည် လွှတ်တော်ခြံစည်းရိုးအား ကျော်တက်ကာ စစ် အုပ် ချုပ် ရေးပြ ဌာန်းမှု ကို ကြပ်မတ်မည့် တပ်ဖွဲ့များအား ရှောင်ရှားပြီး စစ်အုပ်ချုပ်ရေး အမိန့်ကို လွတ်တော်ထဲ၌ မဲခွဲ ပယ်ချရန် လုပ်ဆောင်ခဲ့ရသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နှင့် တီထွင်ဆန်းသစ်မှုများကို အားပေးရန် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးမည်ဟု လီက ကတိပြုသကဲ့သို့ အမေရိကန်နှင့် ခိုင်မာသော လုံခြုံရေးမဟာမိတ်ဖွဲ့မှုကို ခိုင်မာအောင် ဆက်လက်လုပ်ဆောင်ပြီး မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများကို ပြန်လည်လုပ်ဆောင်ကာသံတမန်ရေး မျှခြေညီမှု သယ်ဆောင်မည်ဟုလည်း ကတိပြုပြောကြားသည်။
“တိုက်ပွဲတစ်ခုမှာ တိုက်ပြီးအနိုင်ရတာထက် မတိုက်ဘဲ အနိုင်ရတာက ပိုကောင်းပါတယ်။ တိုက်ပွဲဆင်နွှဲစရာမလိုတဲ့ ငြိမ်းချမ်းရေးဟာ အကောင်းဆုံးလုံခြုံရေး ဖြစ်ပါတယ်။” ဟု မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးနှင့်ပတ်သက်ပြီး လီဂျေးမြောင်က ပြောကြားသည်။
အမျိုးသားရွေးကောက်ပွဲ ကော်မရှင် က လီအား သမ္မတအဖြစ် တရားဝင်အတည်ပြုခဲ့ပြီးနောက် ၎င်းက နိုင်ငံ၏ သမ္မတအဖြစ် ချက်ချင်းတာဝန်ယူလိုက်သလို စစ်ဦးစီးချုပ် အဖြစ်လည်း တာဝန်ယူလိုက်ပြီး ကာကွယ်ရေး အခြေအနေနှင့်ပတ်သက်၍ စစ်ဘက်ထိပ်တန်းခေါင်းဆောင်နှင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။
ကိုယ်တိုင်မဲပေးသူ ၃၅ သန်းနီးပါးဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း အများဆုံး ဖြစ်ခဲ့သော ရွေးကောက်ပွဲတွင် လီဂျေးမြောင်က ထောက်ခံမဲ ၄၉ ဒသမ ၄၂ ရာခိုင်နှုန်းရရှိခဲ့ကာ ပြိုင်ဘက် ကွန်ဆာဗေးတစ် ကင်မွန်ဆူး က ၄၁ ဒသမ ၁၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
