ငါးကြင်း.ဒန့်ဒလွန်သီးချက်နည်း
==================
ငါးရံ့နဲ့ချက်ရင်ပိုစားကောင်းပေမယ့် အိမ်မှာရှိတာလေးနဲ့ချက်ထားပါတယ်....
ပါဝင်ပစ္စည်းများ
=========
ငါးကြင်း..၃၀သား
ဒန့်ဒလွန်သီး..၅တောင့်
ကြက်သွန်နီ..၃လုံး
ကြက်သွန်ဖြူ.. အမွှာကြီး၅မွှာ
ငရုပျပု.၂ကပျြသားခနျ့.ရစေိမျ အစေ့ဖယျ
ဆား..မထငြးစား..၁ဝကြ
မျှင်းငါးပိ ...လက်ဖက်ဇွန်း၂ဇွန်း
နနွင်းမှုန် ့ အနည်းငယ်
ဟင်းခတ် ကြက်သားမှူန့်ကြိုက်ပါက လက်ဖက်ဇွန်း၁ဇွန့်ထည့်နိုင်ပါတယ်ရှင်။
ရသနြေ့ ..500ml..ရသနြေ့ဗူးဝကြ
ဆီ..၅ကျပ်သား
ငရုပ်သီးစိမ်း..၅တောင့်ခန့်
ချက်နည်းအဆင့်ဆင့်
=============
ပထမဦးစွာ ငါးကြင်းကိုအနေတော်တုံးပြီး ဆားနနွင်းဟင်းခတ် အရသာမှူန့်တို့ဖြင့်နယ်ထားပါ။
ဒန့်ဒလွန်သီး ကိုအနေတော်ပိုင်းဖြတ်ထားပါ။
ငရုပ်ပု ကြက်သွန်ဖြူ နီတို့ကိုညှက်အောင်ရောထောင်းထားပါ။
ချက်မည့်ကိုအပူပေး၍ ဆီထည့်ပါ..ဆီပူလာပါက
ထောင်းထားတဲ့ငရုပ်အနှစ်နဲ့မျှင်ငါးပိထည့်ပါ။မဆလာကြိုက်ပါကအနည်းငယ် ထည့်နိုင်ပါတယ်။ငရုပ်အနှစ်များမွှေးနေအောင်ဆီသတ်ပြီး
အရသာနယ်ထားတဲ့ငါး ထည့်ပါသမအောင်ကြော်ပြီး ဒန့်ဒလွန်သီး ထည့်ပါ..ရေအမြုပ်ထည့်ပြီးအဖုံးအုပ်ထားပါ။
ပွက်ပွက်ဆူ ပါကငရုပ်သီးစိမ်းခွဲထည့်.. မန်ကျည်းရည်အုပ်ပြီး ၅မီနစ်ခန့်ဆက်တည်ထားပြီးရင်တော့..မီးပိတ်သုံးဆောင်နိုင်ပါပြီ.....
