တာလပေါ့ဟင်း
🍲🍲🍲
တာလပေါ့ဟင်း ချက်ဖို့ ရည်ရွယ်မထားတော့ ရှိတဲ့ အရွက်လေးပဲထည့်ချက်လိုက်ပါတယ်။ ဆန်လည်းမလှော်ချင် ထောင်းဖို့ အချိန်လည်း မရတာနဲ့ ဆန်ပြုတ်ထုပ်ဖောက်ချက်ထားပါတယ်။

​ပထမဆုံး မျှစ်စိမ်းကို ရေနွေးပွက်ပွက်ဆူ နူးအောင်တည် ပြီးရင် ဆန်ပြုတ်ထုပ်ဖောက်ထည့် ဆန်ပြုတ်လည်းနူး မျှစ်လည်း ချိုအိလာရင် ပုဇွန်ခြောက် ကြက်သွန်နီဥကြီးတဥ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငပိနဲ့ ကစော့သီးလေး လေးစိတ်ခွဲထောင်းထားတာလေးထည့် အရသာ အပေါ့အငံဖြည့် ချခါနီးမှ ဟင်းရွက်ခပ် ပူပူနွေးနွေး မွှေးမွှေးချိုချို အဟာရပြည့်တဲ့ အရည်သောက်တခွက် ရပါပြီ ။ပင်စိမ်းရှိရင် ပင်စိမ်းလေးအုပ်ပါ။

မေတ္တာတွေနဲ့ ဟင်းတခွက်စဉ်းစားရသက်သာအောင်လို့ပါ☺️☺️😁 ။ အမယ်မစုံတဲ့ တာလပေါ့ ဟင်းမလို့ အားနာပါတယ်ရှင့် ။

image