4 w - Translate

Bi-rd Bo-x (2018)

ကမ္ဘာကြီးမှာ ဒုက္ခတွေ၊ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှ ဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ။ အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလို ဘာလိုလို အမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့ မြင်ရမှာပါ။ သူတိုကို မမြင်ရဘူး၊ မြင်ရရင်လဲ အဲ့လူက အသက်မရှင်ဘူး၊ ကိုယ့်ကိုကိုယ် သတ်သေမိတော့တာပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီး ထွက်လာတယ်ပေါ့၊ လူတွေလဲ အစက မသိတော့ ကြည့်မိကြပြီး ရူးကုန်တယ်၊ ကိုယ့်ကိုကိုယ် သတ်သေတယ်၊ စိတ်တွေ လွတ်ထွက်ကုန်တယ်။ တစ်ရက် မယ်လိုရီ ဆိုတဲ့ ကျွန်တော်တို မင်းသမီးချောကြီး San-dra Bull-ock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့။ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့် အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ။ကံကောင်းချင်တော့ ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲ ရောက်ခဲ့တယ်။ အဲ့အိမ်မှာလဲ အခြားသူတွေရှိတာပေါ့။ ဒီတော့ ဇာတ်လမ်းက survival ဇာတ်လမ်း၊ အဲ့အိမ်ထဲမှာ ပိတ်မိနေတဲ့သူတို Med-usa လိုမျိုး အကြည့်တစ်ချက်နဲ့ ရူးစေတဲ့ နတ်ဆိုးကြီးဘေးက၊ ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးက ဘယ်လိုရှင်သန်အောင် လုပ်ကြမလဲ၊ ဇာတ်သိမ်းလေး ဘယ်လိုဖြစ်သွားမလဲ

image