အာခီယန်မဟာကပ် - Archean Eon (လွန်ခဲ့တဲ့နှစ် သန်း ၄,၀၀၀ - ၂,၅၀၀)
• နာမည် အစွဲပြုရာ - archaeo - ရှေးကျသော
• တိုက်ကုန်းမြေ စတင်ပေါ်ပေါက်တယ်။ ပလိပ်တက်တွန်းနစ် (plate tectonics) ဖြစ်စဉ် မရှိသေးပေမယ့် ကုန်းမြေတွေကို အကန့်အသတ်နဲ့ ဆန့်တငံ့ငံ့ ရွေ့လျားစေတဲ့ “အစက်ယို”တက်တွန်းနစ် (drip tectonics) ဖြစ်စဉ်တော့ ရှိခဲ့တယ်။ တိုက်ကုန်းမြေရဲ့ (၈၀) % ခန့်က ဒီမဟာကပ်မှာ ဖြစ်ပေါ်ခဲ့တယ်။
• ဘက်တီးရီးယားနဲ့ အာခေးယားကဲ့သို့ ဆဲလ်ဝတ်ဆံ မရှိတဲ့ ရှေးဦးအဏုဇီဝတွေ ရှိနေပါပြီ။

image