အကြင် အရပ်၌
စိတ်သည် ကြောက်ရွံ့ခြင်း ကင်း၏။
ဦးခေါင်းကိုလည်း
မတ်မတ် ထား၏။
အကြင်အရပ်၌
အသိဉာဏ်တရားသည် လွတ်လပ်၏။
အကြင်အရပ်၌
ကိုယ့်အချင်းချင်း ကျဉ်းမြောင်း သေးသိမ်သော
နံရံတံတိုင်း အကာအရံတို့ဖြင့်
ကမ္ဘာလောကကြီးကို ပိုင်းခြားထားခြင်း ကင်း၏။
အကြင်အရပ်၌
ပြောဆိုသော စကားတို့သည်
သစ္စာအနက်မှ စီးဆင်း ယိုထွက်၏။
အကြင်အရပ်၌ မောပန်းခြင်းမရှိသော ဝီရိယသည်
၎င်း၏ လက်မောင်းတို့ကို
ပြည့်စုံခြင်းရှိရာသို့ ဆန့်တန်း၏။
အကြင်အရပ်၌
သတိသမ္ပဇဉ် စမ်းရေကြည်သည်
ဓလေ့ဟောင်း တည်းဟူသော
ခြောက်သွေ့သည့် သဲကန္တာရ၌
လမ်းပျောက်ခြင်း ကင်း၏။
အကြင်အရပ်၌
အတွေးအယူ၊ အပြုအမူတို့ ကျယ်ပြန့်အောင်
အဖသခင်သည်
စိတ်ဓာတ်ကို ဦးဆောင်၏။
အဖသခင်
လွတ်လပ်ခြင်း နိဗ္ဗာန်ရှိရာ ထိုအရပ်၌
ကျွန်ုပ်၏ နိုင်ငံသည်
ရှင်သန် နိုးကြားစေသတည်း။
(ရာဝိန္ဒြာနတ် တဂိုး)
---------
