“ပိုက်ဆံမရှိသော နေ့များ”
စီးကရက်တလိပ်
ပေါင်မုန့်တလုံး၊ လက်ဖက်ရည်တခွက်ပဲ
တမ်းတပါတယ်။
မာဇဒါ၊ ရီကော်တာ
မန္တလေးဘီယာ
ဒေါက်တာဇီးဗားဂိုးရုပ်ရှင်
တင်တင်လှရဲ့ တေးသံဂီတများ
သတိမရနိုင်ပါ။ ။
သုခမိန်လှိုင်
-------
"ဖက်ထဲက ကဗျာ "
ရှေ့မှာ စံပယ်ပန်းတွေ သွားနေတော့
နောက်မှာ ဆွတ်ပျံ့ကျန်ခဲ့ပြီ
ဒီ နံနက်ခင်းလေး
ဒီ ဆုံဆည်းမှုလေး
စောစောအိပ်ရာထရုံနဲ့ ရခဲ့တာလား
ဘ၀များစွာ လာခဲ့ရတာလား
ဒီအသက်လေး
ဖက်နဲ့ထုပ်ထားပါရစေ ။ ။
သုခမိန်လှိုင်
--------
