4 w - Translate

၁၉၈ဝ ဝန်းကျင်
အမေရိကား တစ်နိုင်ငံလုံးမှာ
စေတန်နတ်ဆိုး ကိုးကွယ်မှု ပြဿနာတွေ
ဆက်တိုက်ဖြစ်ခဲ့တယ်။ နတ်ဆိုးကိုရည်စူးပြီး
ယဇ်ပူဇော်ရင် ခွန်အားနဲ့ အောင်မြင်မှုတွေ
ရလိမ့်မယ် ဆိုတဲ့ အယူဆိုးနဲ့အတူ
နတ်ဆိုးကိုးကွယ်တဲ့ အဖွဲ့တွေ ဟိုတစ်ဖွဲ့
ဒီတစ်ဖွဲ့ ပေါ်လာကြတယ်။ ယဇ်ပူဇော်မယ်လို့ အကြောင်းပြပြီး အကြမ်းဖက်မှုတွေ ဖြစ်တယ်။
ပိုဆိုးတာက ဒီအဖွဲ့တွေရဲ့ သိမ်းသွင်းမှုအောက်ကို
လူငယ်တွေအများကြီး ပါသွားကြတယ်။
လူထုကလည်း သေသေချာချာ
မစဉ်းစား မဆင်ခြင်နိုင်တော့ဘဲ
တစ်ခုခု ဖြစ်လိုက်တာနဲ့ ဒါကတော့
နတ်ဆိုး ကိုးကွယ်တဲ့သူတွေ လက်ချက်ပဲဟေ့..
ဆိုပြီး စွပ်စွဲလာကြရော။
အမှောင် စာအုပ်ရဲ့ အဓိကဇာတ်ကောင်က
လစ်ဘီဒေး ဆိုတဲ့ မိန်းကလေး။
လစ်ဘီဒေးရဲ့ အမေနဲ့ အစ်မ နှစ်ယောက်ကို
သူ့အစ်ကို အရင်းဖြစ်တဲ့ ဘန်ဒေးက
သ-တ်ပစ်လိုက်တယ်။ ဘာကြောင့် သ-တ်တာလဲ။
စေတန်နတ်ဆိုးကို သွေးယဇ်ပူဇော်ဖို့
သ-တ်လိုက်တယ်လို့ လူတွေက စွပ်စွဲကြတယ်။
လူသ-တ်မှုဖြစ်တာကလည်း နတ်ဆိုး ကိုးကွယ်တဲ့
အမှုတွေ အကြီးအကျယ်ဖြစ်နေခဲ့တဲ့
၁၉၈ဝ ဝန်းကျင်ကိုး။ ဒါပေမယ့်
ဒီလူသ-တ်မှုဟာ တကယ်ပဲ စေတန်ကို
ကိုးကွယ်ပြီး ကျူးလွန်ခဲ့တဲ့ လူသတ်မှုလား၊
မဟုတ်ဘူးဆိုရင် တကယ့် အဖြစ်မှန်က ဘာလဲ။
တကယ့် တရားခံက ဘယ်သူလဲ
ဒီမေးခွန်းတွေက ဒီဇာတ်အိမ်ရဲ့
အဓိက အုတ်မြစ်တွေပေါ့။
- - ဘာသာပြန်သူ၏ အမှာ / မှ - -

image