စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု
ရေးရာများနှင့် ပတ်သက်၍
ကျွန်တော့်တွင် ခိုင်မာသော
ယုံကြည်ချက်များ၊ အမြင်များ၊
သဘော ထားများ ရှိထားပေရာ
၎င်းတို့အတွက် သဘောတရားရေး
အယူအဆ ရေး၊ တိုက်ပွဲအမျိုးမျိုး
ဝင်ခဲ့လေသည်။ ကိုယ်က သူများကို
ဝေဖန် တိုက်ခိုက်ရသလို ကိုယ့်မှာ
ဝေဖန် တိုက်ခိုက်ခံရသောအခါ ခုခံ
ကာကွယ်ရလေသည်။ ကျွန်တော်သည်
ပုဂ္ဂိုလ်ရေးတိုက်ပွဲဝင်ခြင်း မရှိ၊
သဘောတရားရေး၊ အယူအဆရေး၊
ဓမ္မဓိဋ္ဌာန်တိုက်ပွဲဝင်ခြင်းသာ ရှိ သည်ဟု
ကျွန်တော့်လိပ်ပြာ သန့်လေသည်။
ယင်းသို့လျှင်
လိပ်ပြာသန့်သန့်ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ စာပေ၊
ယဉ်ကျေးမှု၊ သဘောတရား အယူအဆရေး
တိုက်ပွဲဝင်ထားသော စာများ ကို
“တိုက်ပွဲဝင်စာများ” ဟူသော အမည်ဖြင့်
ထုတ်ဝေလိုက်ပေသည်။
ထိုအကြောင်းအရာအောက်တွင်
ထိုခေါင်းစဉ်ဖြင့် စာအုပ် ပြုလုပ်ပြန်သောအခါ စာအုပ်အဖြစ်ဖြင့် ထုတ်ဝေဖူးခြင်း
မရှိသေးသော ဆောင်းပါးများကိုချည်း
ကန့်သတ်ထား၍မဖြစ်ပြန်ချေ။
ထို့ကြောင့် အချို့စာအုပ်များတွင်
ပါဝင်ဖူးသောဆောင်းပါးများ၊ စာတမ်းများ၊
မိန့်ခွန်းများကိုလည်း ထည့်လိုက်ရပေသည်။
_ _ _ _ _ _ _ _ _ _
▪️သိန်းဖေမြင့်▪️
▪️တိုက်ပွဲဝင်စာများ▪️
