❛ ဖြစ်နိုင်မယ်ဆိုရင်
သာမန် ကျဆိမ့်တစ်ခွက်ကို
တစ်ငုံချင်းသောက်ရင်း ချစ်သူ့မျက်နှာကို
တစိမ့်စိမ့် ငေးကြည့်ကြည်နူးခွင့်ရမယ့်
သာမန်ဆိုင်လေးမှာ ထိုင်ချင်တယ်။
ဒီထက်ပိုပြီး ဖြစ်နိုင်ဦးမယ်ဆိုရင်
သာမန်ဆေးပေါ့လိပ်တစ်လိပ်ကို
ခပ်မျှင်းမျှင်း ဖွာရှိုက်ရင်း ချစ်သူရဲ့
အမာန်အမဲကို တိတ်ဆိတ်ငြိမ်သက်စွာ
ခံယူလို့ ရမယ့် သာမန်ဆိုင်လေးမှာ
ထိုင်ချင်တယ်။ နောက်ထပ်
ဖြစ်နိုင်သေးတယ်ဆိုရင်
ချစ်သူကို ပြောပြချင်ပါတယ်။
ဘာမှဖြစ်မလာနိုင်ခဲ့ရင်လည်း
ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က
သာမန်လူတစ်ယောက်ပါလို့ပေါ့။
_ _ _ _ _ _ _ _ _ _
▪️ကိုသျှား▪️
❛ အထီးကျန်အော်ပရာ ❜
