4 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြစ်ကြီးနားတွင် ရေဘေးကယ်ဆယ်ရေးစခန်း တိုးမြှင့်ဖွင့်လှစ်
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ခဲ့သည့် မြစ်ကြီးနားမြို့ ရေဘေးကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးစခန်းနေရာ ၃ဝ အထိတိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်းကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး မေခနှင့်မလိခ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့တွင်ဧရာဝတီမြစ်ရေသည် မေ ၃၁ ရက်က စတင်မြင့်တက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
မြို့ပေါ်ရပ်ကွက်၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ခရစ်ယာန်ကျောင်းများတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၃ဝ ၊ အိမ်ထောင်စု ၂၂၅၇ စု၊ လူဦးရေ ၁ဝ၃၇၅ ဦးကို ကယ်ဆယ်ရွှေ့ပြောင်းထောက်ပံ့ပေးထားကြောင်း သိရသည်။
လက်ရှိ မြစ်ကြီးနားမြို့တွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

image