4 ပတ် - ဘာသာပြန်ပါ။

"အပြစ်သားတွေ အကြောင်း"
ရုပ်ရှင်က Sinners ဆိုတဲ့အတိုင်း အပြစ်သားတွေအကြောင်းကို ပုံဖော်သွားတယ်။ ကျွန်တော့်အမြင်အရ ဒီရုပ်ရှင်ထဲကလူတွေနဲ့ Vampires တွေမှာ ၂ဖွဲ့လုံးက Villain တွေပဲ။ ထိုခေတ်ကာလရဲ့ လူမည်းတွေ အနှိမ်ခံရမှုနဲ့ KKK(Ku Klux Klan) ကိုပါ နောက်ဆုံးမှာ ပါးပါးလေးထည့်သွားတယ်။ ရုပ်ရှင်ကတော့ ခဗျားတို့ကြည့်ဖူးနေကျ သာမာန် Vampire ရုပ်ရှင်တွေထက် ပိုလေးနက်ပြီး တမူထူးနေလိမ့်မယ်။ No more spoilers ပါပဲ။
ဒီရုပ်ရှင်ရဲ့လိုအပ်ချက်တွေကတော့ အနည်းနဲ့အများရှိတယ်။ Director Ryan Coogler ကပြချင်တာများတဲ့ နေရာတွေကများတယ်။ ဒါပေမဲ့ Ryan နဲ့ Michael ၂ယောက်ပေါင်းတဲ့ရုပ်ရှင်တွေကတော့ ဒီရုပ်ရှင်အထိ ကျွန်တော့်အတွက် အကုန်အဆင်ပြေနေ‌ပါသေးတယ်။ ဒီရုပ်ရှင်က vampire ရုပ်ရှင်တွေထဲမှာ realistic တော်တော်ဆန်တယ်။ ဖိနှိပ်ခံရတဲ့ လူမည်းတွေအတွက် ပြန်ဖိနှိပ်လို့ရမဲ့အခွင့်အရေးနဲ့ လူမည်းတွေကို ဖိနှိပ်နေတဲ့ကမ္ဘာကြီးကနေ လူမည်းတွေဟာ သွေးစုပ်ဖုတ်ကောင် သဖွယ် ပြောင်းနိုင်တယ်ဆိုတဲ့ ဒီရုပ်ရှင်ရဲ့ message ကတော့ အဓိပ္ပာယ်အပြည့်ပဲ။
Fun facts အရတော့ Sammie Character နေရာဟာ အပြင်မှာတစ်ကယ်ရှိပြီး နတ်ဆိုးနဲ့အပေးယူလုပ်ပြီးနာမည်ကြီးပါတယ်ဆိုတဲ့ blues legend ကြီး Robert Johnson ကို inspired ယူထားတာပါ(သူဂီတာ တီးတိုင်း ပွဲမှာရှိသမျှလူတိုင်းဟာ အကြောင်းပြချက်မရှိ ပျော်နေတက်ကြပြီး ပွဲမှာရှိတဲ့သူ အနည်းဆုံး၁‌ေယာက်အမြဲ ‌ေ-သပါတယ်။) Box Office အရ 318,923,168 အထိရတဲ့အထိကို Hit ဖြစ်ခဲ့ပြီး Oscar, Golden Globe တို့မှာဆုရနိုင်တယ်လို့ ဝိုင်းဝန်းသတ်မှတ်ကြပါတယ်။ Sequel, Prequel အထိထွက်နိုင်တဲ့ Movie Franchise အဖြစ်လည်းယခုလက်ရှိ ဖန်တီးနေပါတယ်။

image