Independence Dayသည် ၁၉၉၆ ခုနှစ်တွင် ထွက်ရှိခဲ့သော အမေရိကန် သိပ္ပံစိတ်ကူးယဉ် အက်ရှင်ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Roland Emmerich မှ ရိုက်ကူးပြီး သူနှင့် ထုတ်လုပ်သူ Dean Devlin တို့က ဇာတ်ညွှန်းရေးသားခဲ့သည်။ဒီရုပ်ရှင်ကဟောလိဝုဒ်ရှိ (blockbuster)ရုပ်ရှင်များ၏ အရေးပါသော အလှည့်အပြောင်းတစ်ခုအဖြစ် သတ်မှတ်ခံရပြီး၁၉၉၀ ခုနှစ်များအတွင်း သိပ္ပံစိတ်ကူးယဉ်နှင့် ကမ္ဘာကြီးကိုကယ်တင်သည့်ရုပ်ရှင်များ၏ အစလို့တောင်ပြောလို့ရမလားပဲ။(တခြားကားရှိရင်မန့်ပေးကြပါ)
ဇာတ်လမ်းအကျဉ်း
>>>>>><<<<<<<
၁၉၉၆ ခုနှစ် ဇူလိုင်လ၂ရက်နေ့တွင်ကမ္ဘာ့မြို့ကြီးများပေါ်တွင် ဧရာမအာကာသယာဉ်များ
ပေါ်ထွက်လာပြီး နောက်နေ့တွင် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဝါရှင်တန်ဒီစီအပါအဝင် မြို့ကြီးများကို ဖျက်ဆီးပစ်လိုက်ကြတယ်။ ကျန်ရှိသည့်လူတွေစုစည်းပြီး ဂြိုလ်သားများကို ပြန်တီးဖို့ ဇူလိုင်လ ၄ ရက်၊ အမေရိကန်လွတ်လပ်ရေးနေ့မှာနောက်ဆုံးတိုက်ပွဲတစ်ခုကို ဆင်နွဲကြတာပါ။ဒီကားရဲ့အဓိကဇာတ်ဆောင်(၃)ယောက်ဖြစ်တဲ့
• ဒေးဗစ် လီဗင်ဆန် (Jeff Goldblum ): ဂြိုလ်သားများ၏ ဆက်သွယ်ရေးစနစ်ကို ဖော်ထုတ်ပြီး ၎င်းတို့၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိသော သိပ္ပံပညာရှင်။(သူ့အဖေကျေးဇူးလဲပါပါတယ်)
• ဗိုလ်ကြီး စတီဗင် ဟီလာ (Will Smith ): တိုက်လေယာဉ်မှူးတစ်ဦး။(ဂြိုလ်သားကိုအခွက်ပြောင်တဲ့skillကပိုမိုက်တယ်)
• သမ္မတ သောမတ်စ် ဝှစ်မိုး (Bill Pullman ): ကမ္ဘာ့ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ဂြိုလ်သားများကို ခုခံတိုက်ခိုက်ရန် ဦးဆောင်သူ။(တော်ကီတပေါက်လဲမိုက်တယ်။သူလဲဝင်တီးပါတယ်)။
ထူးခြားချက်များ
• အထူးပြုလုပ်ချက်များ (Visual Effects): အဲ့ခေတ်အဲ့အခါက သူရဲ့ CGIတွေကမိုက်ပြီး အထူးသဖြင့် ဝါရှင်တန်ဒီစီရှိ အဆောက်အဦးကြီးကိုဖျက်ဆီးလိုက်တဲ့အခန်းက ၁၉၉၀ ခုနှစ်များ၏ အမှတ်ရဖွယ် မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ပြီးတော့ Academy Award for Best Visual Effects ဆုကို လည်းရရှိခဲ့တယ်။
• အောင်မြင်မှု: ကမ္ဘာတစ်ဝှမ်း၌ ဒေါ်လာ ၈၁၇.၄ သန်းကျော် ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်၏ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့သည်။ Jurassic Park (၁၉၉၃) ပြီးနောက် အဲ့အချိန်က ကမ္ဘာပေါ်တွင် ဒုတိယဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါ။
ကျွန်တော့်အတွက် ဒီကားထဲက ဂြိုလ်ယာဉ်ပျံ ဒီဇိုင်းတွေက တကယ်ကို ခုထိအကြိုက်ဆုံးဖစ်
နေဆဲပဲ။အပေါက်ကြီး ဟ လာပြီး ပစ်ချလိုက်တဲ့အခန်းတွေဆို တကယ်မိုက်တာ။ခုထိလဲ ခနခနပြန်ကြည့်တုန်းပဲ။No.2ဆက်ထွက်ပေမဲ့…မမှီပါဘူး ဆက်ကိုမရိုက်သင့်တာပါ။မကြည့်ရသေးတဲ့ ခုခေတ်ကလေးတွေရှိသေးရင်90’bornတွေရဲ့အကြိုက်ဆုံး ဂြိုလ်သားကား ကိုကြည့်ဖြစ်အောင်ကြည့်ကြည့်လိုက်ပါ
