4 ပတ် - ဘာသာပြန်ပါ။

"အကောင်းဆုံးတွေဆို ထည့်ပြောကိုပြောသင့်တဲ့ မင်းသား"
Jack Nicholson ကတော့ ရုပ်ရှင်ချစ်သူတွေ စိမ်းမယ်မထင်ပါဘူး။ ဒီလူ့ဘဝက ဟာသဗျ သူကိုယ်တိုင်တောင်ရီရခက်ငိုရခက်ပဲ။ သူငယ်စဉ်က သူ့အဖွားကို သူ့ဟာအမေထင်ခဲ့ပြီး သူ့အမေကို သူ့အမ လို့ပဲထင်ခဲ့တာပါတဲ့။ ဒါကိုတော့သူဟာ 1974 မှာ Time Magazine က သတင်းထောက်ပြောမှ သိခဲ့ရပါတယ်။ အဖေမဲ့ဘဝနဲ့ Jack ဟာကျောင်းမှာ Class Clown ဖြစ်သလို bar တွေမှာ Comedian ဝင်လုပ်လေ့ရှိပါတယ်။နောက်ပိုင်း အသက်အရွယ်ရလာတော့ ထိုခေတ်ကနာမည်ကြီး MGM studio မှာ
Office Worker လုပ်လိုက် ဝါသနာထိန်းမရတော့ ညဘက် Comedian လုပ်လိုက်ပေါ့။ 1950 ကျော်မှာ မင်းသားလုပ်ပေမဲ့ နာမည်ကမကြီး ပေါကားတွေပဲဖြစ်နေတော့ ရာသက်ပန်နားလိုက်ပါတယ်။ ဒါပေမဲ့ 1960ကျော်မှာ Easy Rider နဲ့ စနာမည်ကြီးလာပါတယ်။ လူဆိုတာ နာမည်ကြီးရင်လည်းလုံးဝ နာမည်ကြီးတာဗျ။ Oscar မှာစံကာတင်အခံရပါလေရော်။ 1970 ကာလတွေမှာ Chinatown နဲ့လုံးဝ နာမည်ကြီးသွားပါတယ် ထိန်းမနိုင်သိမ်းမနိုင် ကမ္ဘာကျော်သွားပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေတောင့်တ သလို Oscar မရပါဘူး။ ဒါပေမဲ့ 1975 မှာ One Flew Over the Cuckoo's Nest နဲ့ Oscar ကိုထိုက်တန်စွာရခဲ့ပြီး သူ့ခေတ်ဆိုတာဖြစ်လာတယ်။
ဒီလူ့ကို သူ့အသိုင်းအဝိုင်းကလူတွေက သဘောထားကြီးသူ၊ စိတ်ထားကောင်းသူ၊ လူရိုးကြီးအဖြစ်သိကြပါတယ်။ တစ်ခါက Godfather နေရာကမ်းလှမ်းတဲ့ Francis Ford Coppola ကိုသူဟာ Italian လည်းမဟုတ် အီတလီစကားလည်းမတက်တာကြောင့် အဆင်ပြေမှာမဟုတ်ဘူးဆိုပြီးပြောခဲ့သလို သူ့ကိုယ်တိုင်ပါလိုက်ပြီး Michael Corleone နေရာအတွက်လိုက်ရှာပေးခဲ့ပါတယ်။ Silence Of The Lambs မှာလည်းသူဟာ မျက်လုံးနဲ့အဓိကသရုပ်ဆောင်ရင် ဟာသပုံစံဖြစ်တာကြောင့် ငြင်းခဲ့ပြီး သဘောထားကြီးကြီးနဲ့ သူနဲ့အဲ့ဒီခေတ်က ခေတ်ပြိုင် Anthony Hopkins ကို recommended ပေးတဲ့အထိ ရိုးသားတဲ့သူပါ။ Batman, Shining, A few good man တို့လို iconic ရုပ်ရှင်တွေမှာ ပရိတ်သတ် အားပေးမှုကိုရထားပေမဲ့လည်း The Departed ရုပ်ရှင်အပြီးမှာ ရုတ်တရက် ကားရိုက်တာနည်းလာပါတယ်။ သူကိုယ်တိုင်ပဲသူဟာ memory issues, alzimer ဝေဒနာကိုခံစားနေရတာကြောင့်လို့ဆိုပြီး ဒီ့အတွက်သူဟာ လုံးဝ စိတ်မကောင်းပါဘူး။
ဒီလူဟာ သူ့ခေတ်သူ့အခါက Bad Boy ဗျ။ Play Boy Magazine မှာသူ့ပုံတွေပါဖူးပါတယ်။အခုလက်ရှိ အိမ်ထဲမှာပဲ ‌အနေများပြီး သူ့ဝါသနာ အနုပညာ လက်ရှာတွေကိုစုဆောင်းပြီး သူ့ကြိုက်တဲ့ Lakers ရဲ့ basketball ပွဲတွေကို တော့ အားပေးလေ့ရှိပါတယ်။ Oscar 3 ခုနဲ့အများဆုံးရတဲ့ actor တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ fun facts ကတော့ သူ့ရဲ့ ရီသံတွေဟာ နောင်ပိုင်း Joker cosmic တွေမှာ inspired ယူရသလို၊ သူဟာ ထိုခေတ်က Bruce Lee ကို ခနခန ခနဲ့တက်ပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားထက် ကားရိုက်ခပိုရတဲ့မင်းသားလည်းဖြစ်ပြီး one take (နောက်တစ်ခါရိုက်စရာမလိုတဲ့ မင်းသား)ဖြစ်ပါတယ်။ One Flew ရုပ်ရှင်အတွက်သူကိုယ်တိုင် အရူးထောင်မှာ ၆လအထိနေခဲ့ရသလို နာမည်ကြီးရုပ်ရှင်တွေကို အများဆုံးငြင်းတဲ့မင်းသား လည်းဖြစ်ပါတယ်။ အခုလက်ရှိ ၈၈နှစ်ရှိပြီဖြစ်ပေမဲ့ သူဟာ သူ့နောက်ဆုံးရုပ်ရှင်ရိုက်ဖို့ အမြဲပြောလေ့ရှိတဲ့ ဘိုးတော်ကြီးပါပဲ။

image