"Mission impossible တွေအကြောင်း"
Mission impossible ကို ၁၉၉၆ ခုနှစ်က အဲ့ဒီခေတ်ကဆို Thriller Director Brian De Pelma နဲ့ အနုကြမ်းမင်းသား Tom Cruise (ထိုခေတ်က Top Gunကြောင့် nickname) တို့ကရိုက်ကူးခဲ့တယ်။ Budget များပြီး Action ရုပ်ရှင်အဆန်းအပြားနဲ့ထိုခေတ်က Spy, Agent ရုပ်ရှင်ရှားတာရယ်ကြောင့် ရုံတင်ချိန် လူအများအပြား ကြည့်ခဲ့ကျတယ်။ 2,3 ကတော့ လုံးဝ flop တယ်ဘာကိုပြချင်မှန်းမသိဘူး Tom Cruise တောင်ဆက်မရိုက်ချင်အောင်ပဲ။ 4ကနေ7 အထိ Brad Bird,Christopher McQuarrie တို့လို Director တွေရဲ့ကျေးဇူးနဲ့ ပြန်အဖက်ဆယ်လာနိုင်တယ်။ အယ် ဆက်ပြောရမယ်ဆိုရင်........
ဒီရုပ်ရှင်ကဘာကြောင့်နာမည်ကြီးလည်းဆို စတန့်အဆန်းတွေ၊ မဖြစ်နိုင်တာတွေ၊ လှပစွာဖန်တီးထားတဲ့ mission တွေနဲ့ အမြဲအောင်နိုင်သူ Ethan Huntကြောင့်ပေါ့။ Ethan Hunt က American James Bond ဆိုတဲ့အထိကိုနာမည်ကြီးတယ်။သူ့ခေတ်သူ့အခါက US ရုပ်ရှင်တွေမှာ Spy, agent ဇာတ်လမ်းကရှားတာကို။ Facts တွေဆို Tom Cruise ကသူ့စတန့်နီးပါးကိုသူကိုယ်တိုင် လုပ်ခဲ့တယ်။ Directors အပြောင်းလဲများတယ် များရတာကလည်း quality ကိုထိန်းထားဖို့နဲ့ တစ်ယောက်နည်းနည်းမကောင်းတာနဲ့ ထုတ်လို့ပါ။ တည်နေရာဆို တစ်ကယ့်တည်နေရာတွေကိုအသုံးပြုထားပြီး Action အခန်းတွေမှာ CGI နည်းတဲ့ Action ကားလို့ဆိုရမယ်။ နောက်ပြီးဒီကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေတင်မက ဒါရိုက်တာ, Crews တွေပါမကျန် ဒဏ်ရာရ၊ လက်ကျိုး၊ခြေကျိုး၊ ပုခုံးရိုးကျိုးတာအများဆုံးရုပ်ရှင်ပါ။ ပြောရမယ်ဆိုဒီရုပ်ရှင်တွေဟာ စုစုပေါင်း 3.5 Billion အထိရထားပြီး အခုရုပ်ရှင်နဲ့ဆို 4 Billion အထိရထားပြီပဲဖြစ်ပါတယ်။ Tom Cruise ရဲ့ Legacy Film လည်းဖြစ်ပ့တယ်။
အနှစ်ချုပ်ရမယ်ဆို ကျွန်တော့် personally အရ James bond တွေထက် MI တွေကိုပိုကြိုက်ပါတယ်။ အခုရုပ်ရှင်ကလည်း Certificate Tomatoes ဖြစ်ပြီး Critics အများအပြား အကြိုက်တွေ့ good recommend ပေးကြပါတယ်။ Cannes မှာလည်း ၈မိနစ်အထိ လက်ခုပ်တီးခံရတာမလို့ အရင်ရုပ်ရှင်တွေလို ကြမ်းပြမှာဖြစ်ပြီး မ flop ပါဘူး။ နောက်ဆုံးရုပ်ရှင်လည်းမဟုတ်သလို အဆိုးဆုံးလည်းမဟုတ်သေးတာကြောင့် Tom Cruise အနေနဲ့ သူ့ရဲ့ social media မှာ ပျော်နေတာတွေ့ရပါတယ်။
"မင်း တာဝန်၊ မင်းမဖြစ်မနေကို လက်ခံရမယ်"

image