4 ပတ် - ဘာသာပြန်ပါ။

တဖက်လူက ဇာတ်လိုက်ဖြစ်နေလို့သာ ရှုံးသွားကြရသူများ
ကိုယ်နဲ့ယှဥ်ပြိုင်တိုက်ခိုက်ရတဲ့ ပြိုင်ဘက်က ကိုယ့်လောက်လဲ အရည်အချင်း လုံ့လ ဝိရိယ ခွန်အား နဲ့ အတွေအကြုံစတာတွေ မရှိပင်မဲ့လဲ ဇာတ်လမ်းရဲ့အဓိကလူဖြစ်နေလို့ဆိုတာနဲ့ ဘာကြီးမှန်းမသိ အီလည်လည် ငပေါအထာ တကွက်နဲ့ ခံလိုက်ရတာတွေ ရှိတယ်
အထင်သာဆုံးပြောရရင် Kung Fu Pandaထဲက နှင်းကျားသစ်ကြီး Tai Lung ပဲ
Tai Lungက အူဝဲအရွှယ်ထဲ ကျောက်စိမ်းနန်းတော်ကို ရောက်လာပြီ စပြီးလမ်းလျှောက်တတ်ထဲက ကွန်ဖူးကို တဖက်ကမ်းခပ် တတ်မြှောက်အောင် သင်ကြားခဲ့တာ
သူ့ရဲ့အရည်အချင်းတွေ ပါရမီတွေနဲ့ လေ့ကျင်မှုတွေက အတော်ဆုံးဖြစ်စေခဲ့တာပဲ
သူ့အမှားဆိုလို့ သူလိုချင်တဲ့ နဂါးသူရဲကောင်းက သူမဟုတ်တာပဲ
ပန်ဒါနဲ့ ချတဲ့တိုက်ပွဲမှာလဲ ပန်ဒါရဲ့ ကိုယ်တွင်းအစွမ်းတွေကြောင့်သာ နည်းလမ်းမှန်ကန်စွာ တိုက်နေတဲ့ Tai Lungအတွက် ခန့်မှန်းလို့မရတဲ့ တိုက်ကွက်တွေဖြစ်နေခဲ့ရပြီး နောက်ဆုံး Skadooshခံလိုက်ရတာပါပဲ
ဒီဇာတ်လမ်းမှာက လူတွေကိူ အဓိကကလေးတွေကို ကွန်ဖူးထက် inner peace တွေ ယုံကြည်မှူတွေ နုလုံးသားလှတာတွေဘာတွေကြောင့် နှင်းကျားသစ်ကြီး Tai Lungက လူဆိုးကြီးဖြစ်နေတော့တာပဲ
သူ လိုချင်တယ်
အဲ့အရာကိုလဲ ရအောင်ယူမယ်
ဘာတွေပဲ ဖြတ်ကျော်ရရ လုပ်မယ့်အကောင်ကြီး
အဲ့အရာကိုလဲ ယူဖို့ သူ့မှာ ခွန်အား လျှင်မြန်မှုတွေရှိတယ်
ဒါပေမယ့် အဲ့အရာတွေက နဂါးသူရဲကောင်းတယောက်ဖြစ်ခွင့်နဲ့မညီနေတာပါပဲ
Tai Lung နဲ့ ချွတ်စွပ်နီးပါးတူတဲ့တယောက်ကတော့ Kung Fu Hustle ထဲက ဖားပြုတ်ကြီး ခေါ် သားရဲကြီး The beast
တခေတ်က နာမည်ကြီး Assassin
တယောက်ကို တချက်ထဲနဲ့ ဂိသွားအောင်လုပ်နိုင်သလို ကျည်ဆန်ကိုတောင် လက်နဲ့ဖမ်းနိုင်တယ်
အဲ့လိုဘဲကြီးနဲ့ ဇာတ်လိုက်မင်းသားရဲ့ တခနအတွင်း နိုးထလာတဲ့ အတွင်းအားကို မယှဥ်နိုင်
ဗုဒ္ဓလက်ဖုဝါးနဲ့ တကွက်အပြခံလိုက်ရတာပဲ
ဒီမှာလဲ အားအင်ထက် နုလုံးသားလှဖို့ ဘာညာတွေ ဖောရှီးတွေ ပြသွားတာပဲ
ဟာသကားမို့လို့လဲပါတာပေါ့
နောက်ဆုံးတယောက်က Karate Kid 2010 က Jaden Smith နဲ့ ယှဥ်ချရတဲ့ Cheng ဆိုတဲ့ကောင်လေး
ဒီဘဲလေးက မွှေးခဲ့ထဲက အူဝဲလို့မအော်ဘဲ ကွန်ဖူး တိုက်ကွမ်ဒို ကရာတေး ဂျူဒို ဘာညယအော်ပြီး မွှေးလာတာမျိုး
လေးဖက်ထောက်လို့ မှတ်တပ်ရပ်ထဲက သိုင်းသင်လာတာ
သူ့နယ်ပယ်မှာ ဆရာကြီးဖြစ်နေတဲ့ သိုင်းပညာကျောင်းသားပေါ့ဗျာ
သူ့ဘာသာ စိတ်ကြီးဝင်ပြီး ဘဝင်မြှင့်မြှင့်လေ
သူ့ တဘဝလုံးကြိုးစားထားတာကို
ဂျာကင် အတင်အချ စိတ်ရှည်တာနဲ့ ကိုယ့်ကိုထိန်းတဲ့ဟာလောက်လေးနဲ့ ပြီးတော့ မင်းသားမို့လို့ ပေးနိုင်တဲ့အကွက် မြွေကန်ချက် ကလဲ တော်တော်ရုပ်ပေါက်တာမျိုးပါ

image