xAI ရဲ့ ရှယ်ယာတွေကို ရောင်းနေရပြီလား ..
Elon Musk တစ်ယောက် နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်ပြီးနောက် သူ့ရဲ့လုပ်ငန်းတွေဖြစ်တဲ့ Tesla အပါအဝင် X (Twitter) နဲ့ xAI တို့မှာလည်း ဂယက်တွေ တော်တော်ထလာပါတယ်။ လက်ရှိမှာဆိုရင်လည်း Tesla ရုံးချုပ်မှာ 24 နာရီပတ်လုံး အလုပ်လုပ်နေတာတွေအပြင် xAI ရဲ့ ရှယ်ယာတွေ ရောင်းချမှုကိုပါ လုပ်နေတာကို တွေ့လာရပါပြီ။
အီလွန်မတ်စ်ရဲ့ xAI ကုမ္ပဏီဟာ ဒေါ်လာ သန်း 300 သန်းတန်ဖိုးရှိတဲ့ ရှယ်ယာရောင်းချမှုတစ်ခုကို စတင်လုပ်ဆောင်နေပြီး ဒီလုပ်ငန်းရဲ့တန်ဖိုးဟာ ဒေါ်လာ 113 ဘီလီယံအထိ ရှိလာတယ်လို့ သတင်းထွက်ပေါ်နေတာပါ။
