4 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာဆောင်ဖို့ အမေ့ဆီက ပိုက်ဆံချေးနေတဲ့ MrBeast

အသက်အငယ်ဆုံးဘီလျံနာ ဖြစ်လာတဲ့ YouTuber MrBeast ရဲ့ အဖြစ်က ရီရတယ်။

MrBeast က မကြာသေးခင်ကပဲ YouTube မှာ subscirber သန်း ၄၀၀ ရထားတဲ့ နာမည်အကြီးဆုံး YouTuber ပါ။ Celebrity Net Worth ရဲ့အဆိုအရ သူက ဒေါ်လာ ၁ ဘီလျံချမ်းသာပါတယ်။ အသက် ၂၇ နှစ်နဲ့ ဘီလျံနာဖြစ်လာတဲ့ ကိုယ့်ဒူးကိုယ်ချွန် ဘီလျံနာပါ။

စာရွက်ပေါ်မှာ ဘီလျံနာဆိုပေမယ့် သူ့ personal account ထဲမှာ ငွေများများစားစား မရှိပါဘူး။ YouTube က ရတဲ့ ငွေတွေကို content ဖန်တီးဖို့ ပုံအောသုံးတာကြောင့်ပါ။ ဒါကြောင့်ပဲ MrBeast က သူ့မင်္ဂလာဆောင်အတွက်တောင် အမေ့ဆီက ပိုက်ဆံချေးထားရတယ်လို့ ပြောတာပါ။

X ပေါ်မှာ Dexerto ဆိုတဲ့အကောင့်က "ဓနဥစ္စာအမွေပေးစရာ မရှိတဲ့ အသက် ၃၀ အောက် တစ်ဦးတည်းသော ဘီလျံနာ" ဆိုပြီး တင်ခဲ့တဲ့ ပို့စ်ကို MrBeast က သူ့မှာ ပိုက်ဆံနည်းနည်းပဲ ရှိပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။

"ဒီနှစ်ထဲ content ပိုင်းမှာ ကျွန်တော်တို့ တစ်ဘီလျံရဲ့ လေးပုံတစ်ပုံလောက် သုံးပါမယ်။ တကယ်က လာမယ့် ကျွန်တော့်မင်္ဂလာဆောင်တောင် အမေ့ဆီက ပိုက်ဆံချေးဆောင်ရမှာပါ။ ဟုတ်ပါတယ်။ စာရွက်ပေါ်မှာ ကျွန်တော်ပိုင်တဲ့ လုပ်ငန်းတွေက အများကြီးတန်ပါတယ်။"

MrBeast က YouTube Channel ကအပြင် Amazon ပေါ်က ရှိုးတို့ Lunchly လို စားသောက်ကုန်တို့နဲ့ MrBeast Burger တို့လို စားသောက်ဆိုင်လုပ်ငန်းတွေလည်း လုပ်ပါတယ်။ Challenge ခေါ် Giveaways ပေးတဲ့ သူ့ဗွီဒီယိုတွေကလည်း အင်တာနက်ပေါ်မှာ အလွန်ပဲ နာမည်ကြီးပါတယ်။

YouTube ကြော်ငြာ ၊ စပွန်ဆာကြေး နဲ့ ပစ္စည်းရောင်းရတာတွေပေါင်းပြီး မတ်လတစ်လတည်းတင် MrBeast ဝင်ငွေက ဒေါ်လာ ၅.၄ သန်းလောက် ရခဲ့တာပါ။ တစ်ရက် သူ့ဝင်ငွေဟာ ပျမ်းမျှ ဒေါ်လာ ၁၇၄၀၀၀ နှုန်း ရှိခဲ့တာလည်း ဖြစ်ပါတယ်။

MrBeast နဲ့ သူ့ချစ်သူ တီယာဘူးဆန်တို့က ပြီးခဲ့တဲ့နှစ် ခရစ္စမတ်မှာ လက်ထပ်ခွင့်တောင်းထားပေမယ့် မင်္ဂလာဆောင်မယ့်ရက် ထွက်မလာသေးပါဘူး။

image