4 w - Translate

ဘီလျံ ၂၀၀ ကို အာဖရိကမှာ အများဆုံးလှူမယ့် ဘီလ်ဂိတ်စ်
နောက်နှစ်၂၀ မှာ ဒေါ်လာဘီလျံ ၂၀၀ ပေးလှူမယ့် Microsoft သူဌေးကြီးက သူ့အလှူအများစု အာဖရိကရောက်မယ်လို့ ပြောပါတယ်။
"အရင်က ကျွန်တော်ထုတ်မပြောဖြစ်တာတစ်ခုက ဦးစားပေးရမှာတွေနဲ့ ကြီးမားတဲ့ လက်တွဲဆောင်ရွက်မှုတွေ ထည့်တွက်ရင် အဲ့ဒီရန်ပုံငွေအများစုက အာဖရိကမှာ ကြုံနေတဲ့ စိန်ခေါ်မှုတွေ ကူညီဖို့ သုံးသွားမှာပါ။"
ဘီလ်ဂိတ်စ်က ၂၀၄၅ မှာ သူ့စည်းစိမ်ရဲ့ ၉၉% ကို စွန့်လွှတ်လှူဒါန်းမယ့်အကြောင်း ပြီးခဲ့တဲ့လကပဲ ကြေညာထားတာပါ။ နောင်အနှစ် ၂၀ မှာ အဆုံးသတ်မယ့် The Gates Foundation က အာဖရိကရဲ့ ကျန်းမာရေး ၊ ပညာရေးနဲ့ ဆင်းရဲတွင်းက ကယ်တင်နိုင်ရေး ဦးစားပေးမှာပါ။
"ရည်မှန်းပန်းတိုင်တွေက တကယ့်ကို အခြေခံကျပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးတွေကို ပြောပြနေတာပါ။ မိခင်တွေက ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်ရမယ်။ ကလေး‌တွေက သူတို့ ငါးနှစ်ပြည့်မွေးနေ့ကို ကျော်လွန်နိုင်ရမယ်။ ကလေးတွေ ပြုစုပျိုးထောင်နိုင်ရမယ်။ ကူးစက်ရောဂါအများအပြား ကင်းစင်ရမယ်။ နှစ် ၂၀ အတွင်း ကျန်တဲ့ရောဂါတွေ အနိမ့်ဆုံး ရောက်စေရပါမယ်။"
ဘီလ်ဂိတ်စ်က သမ္မတထရမ့် ဖွဲ့ပေးထားတဲ့ DOGE လို့ခေါ်တဲ့ အစိုးရစွမ်းဆောင်ရည် ထိရောက်ရေးဌာနအစီအစဉ်နဲ့ USAID ဘတ်ဂျက်ဖြတ်တဲ့ကိစ္စ လူသိရှင်ကြား ရှုတ်ချထားသူလည်း ဖြစ်ပါတယ်။ DOGE ကို ဦးဆောင်တဲ့ အီလွန်မတ်စ်ကိုလည်း "ကမ္ဘာ့အဆင်းရဲဆုံးကလေးတွေကို သတ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံးလူ" လို့ သမုတ်ခဲ့တာပါ။
"အာဖရိကနိုင်ငံတိုင်း ချမ်းသာကြွယ်ဝရေးလမ်းကြောင်းပေါ် ရှိနေသင့်တယ်" လို့ ပြောထားတဲ့ ဒီသူဌေးကြီးက ကျန်းမာရေးစောင့်ရှောက်မှုမှာ AI ဘယ်လိုသုံးကြမလဲ တွေးခေါ်ဖို့ အာဖရိကလူငယ်တီထွင်ရှင်တွေကို တိုက်တွန်းထားပါတယ်။

image