4 ပတ် - ဘာသာပြန်ပါ။

ရှိခိုးရင်
ဘုရားဆိုတာ လက်အုပ်လေးတစ်ခါချီလိုက်ရုံလေးနဲ့တင် နတ်ပြည်ကို ရောက်သွားနိုင်တယ်။
ဒီကုသိုလ်လေးက ဘယ်လောက်စွမ်းဆောင်မှု
ကောင်းလဲဆိုတာ စဉ်းစားကြည့်။
မဌကုဏ္ဍလီ သတို့သားလေးက ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူ့အဖေကလည်း နှမျောလိုက်တာ
ရောဂါဖြစ်တာတောင် ဆေးကုမပေးဘူး။
ဆေးမြီးတိုတွေနဲ့ကုတာ နောက်ဆုံး ကုမရတဲ့အချိန်
သေခါနီးချိန်ရောက်တော့
အိမ့်အပြင်ထုတ်ထားတယ်လေ။
ဘုရားက ဆွမ်းခံကြွလာတဲ့အခါ
ထတောင်ရှိမခိုးနိုင်တော့ဘူး။
စိတ်ထဲက ကြည်နူးပြီးတော့ ဪ ဒီလိုဘုရားမျိုး
ငါမလှူလိုက်ရဘူး။
ခုရှိခိုး စိတ်ထဲကနေကြည်နူးပြီးနေတယ်။
အဲ့ဒီ အခါလေးမှာ
သေသွားတာနဲ့ နတ်ပြည်မှာ နတ်သားသွားဖြစ်တယ်။
ဒီကုသိုလ်လေးက ကယ်လိုက်တာ။
စိတ်ထဲမှာတင် ဖြစ်တာနော် လက်အုပ်တောင်
မချီနိုင်ဘူးတဲ့။ စိတ်ထဲကနေ ဘုရားကိုအာရုံပြုပြီး
ကြည်နူးလိုက်ရုံလေးနဲ့တင် နတ်ပြည်ကို
ရောက်သွားတယ်။
လူမပြောနဲ့
ဖားလေးတစ်ကောင်ဆိုတာ
မြတ်စွာဘုရား သစ်ပင်အောက်မှာ
တရားဟောနေတာ ရေကန်ထဲက ခုန်တက်လာပြီး
မြတ်တောထဲမှာ ဝပ်နေရင်းကနေ ဘုရားတရားဟောသံကြားတာနဲ့
နားထောင်ကောင်းတဲ့ အသံလေးပဲ တိရစ္ဆာန်ဆိုတာ
အန္တရာယ်ရှိတဲ့အသံလား၊မရှိတဲ့အသံလား
ဒီလောက်တော့သိတယ်။
သို့သော် တရားရဲ့ အဓိပ္ပာယ်ကို သူသိတာတော့
မဟုတ်ဘူး။
မြတ်စွာဘုရားရဲ့ ကရုဏာတွေ၊မေတ္တာတွေ လွှမ်းခြုံ
ထားတဲ့ အသံလေးကို သူ့နားထောင်ရင်း စိတ်ကြည်နူးနေတာ။
အဲ့ချိန်လေးမှာပဲ ကံမကောင်းအကြောင်းမလှတော့ အနားနားရောက်လာတဲ့ နွားကျောင်းသားက
တပြာနဲ့ ခေါင်းကိုထောက်ပြီးဖိလိုက်တော့
သူ့ခမျာ သေသွားတာ။
ဪ အဲ့ကြည်နူးတဲ့ စိတ်ကလေး၊ဘုရားကို
အာရုံပြုတဲ့စိတ်ကလေးနဲ့ပင် နတ်ပြည်ရောက်သွားတယ်။
ကဲ ဘယ်လောက်စွမ်းဆောင်ရည်ကောင်းလဲ။
နာယူထားသောတရားတော်မှ ရေးသားပူဇော်ပါသည် ။

image