ဘင်ဖီကာမှာ ကစားနေချိန် ၂၀၂၄ အတွင်းမှာ ယာအိုနီဗက်စ်က မိခင်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီနောက် သူက ပီအက်စ်ဂ်ျီကို ပြောင်းရွှေ့ခဲ့ပြီး ပဲရစ်မှာ ဘာသာစကားအခက်အခဲ၊ ရင်းနှီးသိကျွမ်းသူ နည်းပါးနေခဲ့တာမို့ တဦးတည်းလိုလိုသာ နေနေခဲ့ရတာပါ။
အခုတော့ သူက ပီအက်စ်ဂျီနဲ့အတူ တရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ သူ မိခင်ကို သတိရနေခဲ့ကာ ငိုကြွေးခဲ့ပါသေးတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို မိခင်ဖြစ်သူ တွေ့မသွားခဲ့ရှာပါဘူး။
ပီအက်စ်ဂျီအတွက် တရာသီလုံး သူက အဓိကကွင်းလယ်လူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုတွေကို ရခဲ့တာပါ။ ဒီအတွက် သူ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ သူ့အနားမှာ မိခင်မရှိတော့ဘဲနဲ့ပေါ့။
