4 ပတ် - ဘာသာပြန်ပါ။

စွမ်းအင်တွေ ပြန်ရဖို့ ဒိုပါမင်း (dopamine) ထောင်ချောက် ၃ ခုကို ရှောင်ကြဉ်ပါစို့
၁။ ရည်ရွယ်ချက်မရှိဘဲ ဖုန်းပွတ်ခြင်း (Mindless scrolling)
လူမှုကွန်ရက်ကနေ ရတဲ့ ဒိုပါမင်း အမြန်ရိုက်ချက်တွေက ကျွန်တော်တို့ ဦးနှောက်ကို ကြိုးစားအားထုတ်မှုမရှိဘဲ ဆုလာဘ်တွေရဖို့ လေ့ကျင့်ပေးနေပါတယ်။
ဒါကြောင့် အာရုံစိုက်ရမယ့်အချိန်မှာ ဦးနှောက်က လွန်ကဲတဲ့ လှုံ့ဆော်မှုတွေကြောင့် ပုန်ကန်တတ်ပါတယ်။
၂။ အဆာပြေစားခြင်းနှင့် သကြားဓာတ်မြင့်တက်ခြင်း
ချိုတဲ့ processed အဆာပြေစာတိုင်းကအင်ဆူလင် (insulin) တက်တယ်၊ စွမ်းအင်ကျတယ်၊ ဦးနှောက်မှုန်မှိုင်းခြင်း (brain fog) တွေ ဖြစ်လာစေတယ်။
၃။ အမြဲတမ်း ဆူညံသံတွေ ရှိနေခြင်း
သီချင်း၊ ပေါ့တ်ကတ်စ် (podcasts)၊ ယူကျု (YouTube) တွေက အန္တရာယ်မရှိဘူးလို့ ထင်ရတယ်။
ဒါပေမယ့် ကျွန်တော်တို့ဦးနှောက်က အနားယူနေတာ မဟုတ်ဘဲ အဆက်မပြတ် လှုံ့ဆော်မှုအောက်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီ ၃-ချက်ဟာ ဒီနေ့ခေတ် lifestyle မှာပြင်ရမဲ့အချက်တွေဖြစ်ပါတယ်။