14 w - Translate

Cutting နဲ့Bulking ဘယ်ဟာရွေးရမလဲ
Gym ကစားသူတွေ အကြားမှာ ဝိဝါဒကွဲပြီး စိတ်ရှုပ်ရတဲ့ အယူအဆတစ်ခုမှာ ခန္ဓာကိုယ် အရင်ထုတင်ရမှာလား၊ ဒါမှမဟုတ် အဆီချရမှာလား ဆိုတဲ့အယူအဆပါပဲ။တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း အယူအဆများစွာကြားမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် မဝေဖန်တော့ဘဲ ကိုယ့်လက်
ခံထားတဲ့ အယူအဆလေး တစ်ခုကိုသာ မျှဝေလိုက်ပါတယ်။
-ထုအရင်တင်ရမလား အဆီအရင်ချရမလား ဆိုတဲ့မေးခွန်းအတွက် ပထမဆုံးအနေနဲ့ထုတင်စေချင်ပါတယ်။ဘာကြောင့်လဲ။ ဘယ်လိုလူတွေ ထုတင်သင့်သလဲ ဆိုတာတွေကို အခုဆက်ဆွေးနွေးပေးပါ့မယ်။တချို့သူတွေက မိမိခန္ဓာကိုယ်ရဲ့လက်ရှိအနေအထား အချိုးအစားကို သဘောမကျတော့လို
ချက်ခြင်းပဲ Cutting plan ကိုစတင်ကျင့်သုံးပါတော့တယ်။အဲ့ဒါကရဲ့ဇီဝဖြစ်စဉ်ရယ်၊ ကိုယ်တွင်းဟိုမုန်းစနစ်တွေရယ်ကို ဖိအားဖြစ်စေပီး၊ စိတ်ပိုင်းဆိုင်ရာအရလည်း ဆာလောင်မှုနဲ့မွတ်သိပ်မှုက ပြင်းပြနေတတ်ပါတယ်။နောက်တချက်က ကာလကြာရှည်စွာ ဒိုင်းယက်လုပ်ပီးနောက် အဆီပမာဏ နည်းပါး
သွားချိန်မှာ ပုံမှန်ပြန်စားသောက်တော့မယ်ဆိုရင် အထူးသတိထားရပါတော့မယ်။ဒိုင်းယက်မလုပ်
ခင်အချိန်ကလည်း အထူးပြုစားသောက်ထားခြင်း မရှိသလို၊ဒိုင်းယက်ကာလ တလျောက်လုံးလည်းအာဟာရအလွန်လျော့ ထားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ စိတ်လွတ်ကိုယ်လွတ် စားမိနိုင်ခြေမြင့်မားနေတတ်ပါသည်။
ဒါဆိုရင် ကိုယ်အလေးချိန်များ၍ Gym ကစားတဲ့သူတွေရော ထုတင်ရမှာလားဆိုတဲ့ မေးခွန်းတစ်ခုထွက်လာပါပီ။Gym စတင်ကစားမည့် ကိုယ်အလေးချိန်လွန်နေသူများသည် အနိမ့်ဆုံးခြောက်လခန့်လေ့ကျင့်ခန်းကို စနစ်တကျပြုလုပ်ရန် ကြိုစားရပါမည်။ ဒိုင်းယက်အနေနဲ့လည်း၊ ၎င်းအတွက် body
Weight ထိန်းရန်အတွက်လိုအပ်သော ကယ်လိုရီပမာဏကိုသာ စားရမည်ဖြစ်ပြီး၊ လေ့ကျင့်ခန်းဖြင့်၎င်းကစားသမားဧ Body composition ကိုပြုပြင်ပြောင်းလဲရပါမည်။ ထို့နောက်တွင်မှ ၎င်းကိုယ်တွင်းအဆီပမာဏကို အခြေခံပီး ထုတင်ရမည်လား အဆီချရမည်လား ဆိုသည့်အချက်ကို ဆုံးဖြတ်ရပါ
မည်။
ကိုယ်တွင်းအဆီပမာဏ ဘယ်လောက်ရှိယင် ထုတင်ရမလဲ? ဒါမှမဟုတ်အဆီချရမလဲ? ဆိုတဲ့မေးခွန်းအတွက်၊ Performance Enhancing Drug(PED) မသုံးသော Natrual ကစားသမားများအတွက်အမျိုးသား ကိုယ်တွင်းအဆီပမာဏ ၁၈% မှ ၂၀% ၊ အမျိုးသမီး ကိုယ်တွင်းအဆီ ပမာဏ ၂၃%မှ
၂၅%ကျော်လျင် ထုမတင်သင့်ပါ။(PED)သုံးသူများ အနေနှင့် ထိုမျှသော ကိုယ်တွင်းအဆီပမာဏခန့်ပိုလျင်လည်း ထုတင်ကောင်းတင်နိုင်သော်လည်း ကာလကြာရှည်စွာ ထုမတင်ဘဲ mini cut လေးများပြုလုပ်သင့်ပါသည်။ကိုယ်တွင်း အဆီပမာဏနည်းလေ ကျန်းမာလေဖြစ်သည်ဆိုသည်ကို မမေ့သင့်
ပါ။ဒီလောက်ဆိုရင်တော့ ထုတင်ရမလား အဆီချရမလား ဆိုသည့်ဝါဒီများစရာမလိုတော့အောင် အဖြေ
တစ်ခုထွက်မည်ဟု မျှော်လင့်မိပါသည်။

image