4 ပတ် - ဘာသာပြန်ပါ။

Body fat % ဝိရောဓိ
Gym ကစားတဲ့ သူငယ်ချင်းတယောက်ကို မင်းအရမ်း ဝလာတယ်
နော်လို့ ပြောကြည့်လိုက် သူက ရှုးကနဲ ဒိုင်းကနဲ ဒေါသနဲ့ဖြေမှာက
ဟျောင် ငါထုတင်ထားတာကွ။ အဆီမဟုတ်ဘူး။ ဝတာမဟုတ်ဘူး
လို့ နှုတ်ခမ်း တလန် ပန်းတလန် ရန်တွေ့မှာဗျို့။ တကယ်တော့လည်း သူမမှားပါဘူး။ တကယ်အပင်ပန်းခံခဲ့တာကိုး။
နောက်ပြသနာတခုက Gym ကစားသူ တယောက်ကို မင်းကစား
တာလည်း ဘာမှ မထူးဘူး။ ပိန်ညှောင် ပြားချပ်နေတာပဲ ပြောလိုက်။
သေချာတယ် သူအင်္ကျ ီချွတ်ပြီး ခင်ဗျားကို Six packs တွေလှန်ပြ
လိမ့်မယ်။ ငါက ဝိတ်ပေါမဟုတ်ဘူး။မာဆယ်ကွ မာဆယ်ဆိုပြီး
ထအော် လိမ့်မယ်။ သူလည်း မမှားပါဘူး တကယ် အပင်ပန်းခံခဲ့
တာကိုး။
အဲအခုဏက ထုသမားနဲ့ မာဆယ်သမား နှစ်ယောက်တွေ့ရင်
ထုသမားက မာဆယ် သမားကို ငပိန်လို့ ဖဲ့မယ်။
မာဆယ်သမားက ထုသမားကို အဆီတုံးလို နှိပ်မယ်။
အဲ့ပြသနာက ကျွန်တော်တို့ Gym လောကမှာ နှစ်ချီအောင်
အရိုးစွဲနေတဲ့ ပြသနာပေါ့။
ကဲ အခုအဲ့ပြသနာကို သိပ္ပံနည်းကျ ဖြေရှင်းကြပါစို့။
လေ့လာတွေ့ရှိချက်တွေအရ-
သာမန်အမျိုးသား တစ်ယောက် ကိုယ်တွင်းအဆီပမာဏဟာ
12% အထိရှိနေမယ်ဆိုရင် ဒါဟာ သာမန်ပါပဲ။
ပြိုင်ပွဲဝင် ကာယဗလ သမားတယောက်ဟာ ပြိုင်ပွဲကာလမှာ
ကိုယ်တွင်း အဆီပမာဏ5% ခန့်ရှိနေပြီး အချို့အဆင့်မြင့်
ပြိုင်ပွဲဝင်တွေကတော့ ကိုယ်တွင်းအဆီ ပမာဏ3% အထိလျော့ချ
ထားကြပါတယ်။ အဲ့ထက်ပိုပြီးချလို့မဖြစ်နိုင်ပါဘူး။
အသက်အန္တရာယ် ရှိပါတယ်။ တချို့ကတော့ ပုံပြောတတ်တယ်
ငါဘယ်ပြိုင်ပွဲမှာ body fat 0% ဆိုပြီး အထောက်အထားမဲ့
ဖြီးလာရင် ဒဲ့မဖိုက်ပါနဲ့ စိတ်ချမ်းသာအောင် လွှတ်ပေးထားလိုက်ပါ။
ပြိုင်ပွဲဝင် ကာယဗလသမားတွေ ထုတင်ချိန်မှာ ကိုယ်တွင်းအဆီပမာ
ဏ 12% ထက်ကျော်လေ့ မရှိပါဘူး။
ထို့ကြောင့် ကျန်းမာသော အမျိုးသား တယောက် အတွက် ရှိသင့်သော ကိုယ်တွင်း အဆီပမာဏမှာ 8% မှ12% အတွင်း
သာဖြစ်သင့်ပါတယ်။ ထို့ထက်ပိုလျင် ပြိုင်ပွဲဝင်မကလို့ မောင်အိုလံပီယာ ချန်ပီယံပဲဖြစ်ဖြစ် လက်တလော အဆီတုံးပါပဲ
ခင်ဗျား။ အဲ့ဒီတော့ ကစားသမားလေးတွေ အချင်းချင်း ဖိုက်မယ်ဆို
ပညာရှိနည်းနဲ့ မင်း body fat %ဘယ်လောက်လဲ လို့ထုသမား
ကိုမေး။ ထုသမားကလည်း မာဆယ်သမားကို မင်းရဲ့ Lean Body Weight (အဆီမပါ ကိုယ်အလေးချိန် )ဘယ်လောက်လဲလို့မေး။
ဒါဆို မသိတဲ့ လူတွေကြားထဲမှာ gym ကစားသမားတွေ သိက္ခာ
မကျတော့ ဘူးပေါ့ဗျာ။
ကျန်းမာတဲ့ အမျိုး သမီးတယောက် အတွက် ကိုယ်တွင်း အဆီ
ပမာဏဟာ 10% မှ 15% အတွင်းသာရှိသင့်ပြီး ပြိုင်ပွဲဝင်
အမျိုးသမီးတယောက် အတွက်ကတော့ ပြိုင်ပွဲကာလတွင်
8% ခန့်နှင့် ပြိုင်ပွဲဝေး ကာလတွင် 15% အထိ တင်ထား
နိုင်ပါကြောင်း။
ကဲကဲ ကိုယ်နဲ့အငြင်းပွားဖူးတဲ့ gym fri တယောက် လောက်ကို
အသိပညာတွေ share တဲ့ အနေနဲ့ မန်းရှင်း ခေါ်လိုက်ပါဦး။

image