4 w - Translate

အလေးမပြီး မူးလဲကျတာ မနိုင်ဝန်ထမ်းလို့လား???
သည်မေးခွန်းကို မေးကြတာ muscle professor ဂရုထဲမှာ ၂၀၁၆ ကနေ ယနေ့တိုင်ပါပဲ။ ကျွန်တော်ကလည်း ဝင်မဖြေဘူး။ တိုတိုလေး ဖြေလို့ရပေမဲ့ အဲသည့်အဖြေထဲက အသုံးအနှုံးတွေကို လိုက်ရှင်းရင် အရှည်ကြီး ဖြစ်ကုန်မှာမို့လို့။ သည်တော့ Superego ကနေ အတိုချုံး ရှင်းပြပါမယ်။ နည်းပညာရပ်ဆိုင်ရာ စကားလုံးတွေ သည်းခံကြပါ။
အလေးမရင်း မူးလဲတာ video တွေ ရှိပါတယ်။ အထူးသဖြင့် deadlift နဲ့ squat တွေပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးမှာ တူညီတဲ့ နည်းစနစ်တစ်ခုကို သုံးရလို့။ အဲတာကတော့ အသက်ရှု အောင့်ခြင်းပါ။
Valsalva Maneuver ဆိုတာ ရှိတယ်။ လေမထွက်အောင် အသက်ရှုထုတ်ခြင်းပေါ့။ လွယ်လွယ်ပြောရင် အီးညှစ်သလိုပါပဲ။ အဲ... ဝိတ်မတဲ့အခါကြတော့ ဖင်ပါ ပိတ်ပြီး ညှစ်ရတာပေါ့။ နို့မို့ဆို အီးပါထွက်ကျကုန်မယ်။ သည်ယန္တယားကို ထိန်းချုပ်တာ vagus ဆိုတဲ့ အာရုံကြော။ သည်အာရုံကြောကို လှုံ့ဆော်ရင် သူထိန်းချုပ်တဲ့ နှလုံးပါ ခုန်နှုန်း နှေးသွားတယ်။ ဒါဟာ သွေးပေါင်ချိန်မှာ ကျစေတယ်။ အဲ သည်လောက်ဆိုရပြီ။ ဝိတ်မခြင်းဆီ ပြန်သွားကြစို့။
အလေးများများမတဲ့အခါ အထူးသဖြင့် deadlift လုပ်တဲ့အခါ valsalva maneuver (VM) သုံးရပါတယ်။ ဒါဟာ ဝမ်းဗိုက်အတွင်း ဖိအားတိုးစေပြီး ခါးရိုးကို လွဲထွက်မသွားအောင် ပတ်ပတ်လည်ကနေ ဖိအားပေးထားစေပါတယ်။ အလေးအရမ်းများလာတဲ့အခါ VM သုံးတဲ့အချိန်ကာလ ပိုကြာလာတယ်။ အလေးက မြန်မြန်မရွေ့တော့ဘူးကိုး။ VM ကြာလာတဲ့အခါ သွေးပေါင်ချိန်ကျတဲ့ကာလ ကြာမြင့်လာပြီး ဦးနှောက်ဆီ သွေးထောက်ပံ့မှု လျော့ကျသွားတယ်။ သည်မှာ ခေတ္တ သတိလစ်ခြင်း syncope ပါ ရကုန်ပါတယ်။ syncope ဟာ ရောဂါမဟုတ်ဘဲ ဦးနှောက်ဆီ သွေးရောက်အောင် ခန္ဓာကိုယ်က ဖန်တီးထားခြင်းပါ။ သတိလစ်သွားတဲ့အခါ လူဟာ ပြုတ်ကျသွားပြီး ဦးနှောက်နဲ့ နှလုံး တစ်တန်းထဲ ဖြစ်ပြီး သွေးထောက်ပံ့ဖို့ လွယ်သွားလို့ပါ။ ဒါကြောင့် deadlift လုပ်ရင်း သတိလစ်လဲကျသွားတဲ့အခါ လူတွေ ဝိုင်းလာတုန်း သတိပြန်လည်လာကြတာပါ။
ကဲ ဘယ်လို သတိလစ်ရသလဲ သိပြီးတဲ့အခါ ဘာ အန္တရာယ် ရှိလဲ ကြည့်ရအောင်။ နှလုံးရောဂါ သွေးကြောနံရံ မူမမှန်တဲ့ aneurysm လို ရောဂါ သမားတွေ လုံးဝ မလုပ်သင့်ပါ။ နောက်ပြီး လဲကျချိန်မှာ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။
သည်တော့ မနိုင်တဲ့အလေး မခြင်းထက် အလေးမတဲ့အခါ VM ကို ကြာကြာ မလုပ်ဖို့ပါပဲ။ ဒီလိုပြောလို့ မနိုင်တဲ့အလေးကို မကြပါလို့ ပြောတာမဟုတ်ဘူးနော်။ မနိုင်တဲ့အလေးကိုမရင်း အရိုးနဲ့ ကြွက်သား အရွတ်တွေ ထိခိုက်နိုင်ပါတယ်။ သည် မူးမေ့လဲခြင်းကတော့ အလေး အရမ်းအရမ်း မများဘဲ VM ကြာရင် ဖြစ်တတ်တာကို ပြောချင်တာပါ။
level 2 မေးခွန်း။ ။ အဲလို လဲကျတာက အလေးမနေတုန်းမဟုတ်ဘဲ အလေးချလိုက်ပြီးမှ ပိုဖြစ်ကြတာ ဘာလို့လဲ။
အဲဒါ ဘာလို့လဲဆိုတော့ အလေးပစ်ချပြီးချိန် ညှစ်ထားတဲ့ ကြွက်သားတွေ လျှော့ချလိုက်ချိန်မှာ ရုတ်တရက် ရင်ခေါင်းနဲ့ ဝမ်းဗိုက်အတွင်းက ဖိအားကျဆင်းမှုကြောင့် ခြေထောက်ကသွေးတွေ ရင်ခေါင်းနဲ့ ဝမ်းဗိုက်အတွင်း ခိုအောင်းသွားပြီး နှလုံးဆီ သွေးသွားမှု လျော့သွားတာကြောင့် VM ကြောင့် ကျတဲ့ သွေးပေါင်ချိန် ကို ပိုမို ဆိုးရွားစေတာပါ။
level 3 မေးခွန်း။ ။ Superego ရော အဲလို ဖြစ်ဖူးလား။
ဟုတ်ကဲ့ ဖြစ်ဖူးပါတယ်။ ဘာကြောင့်ဖြစ်မှန်း သိလို့ ကြိုတင် စီမံပြီးတော့ အလးမ ပါတယ်။ Deadlift ကို 1RM မတဲ့အခါ သည် VM ကြာမြင့်ခြင်းကို တိမ်းရှောင်လို့တော့ မရဘူးလေ။ ကျွန်တော်ကတော့ အလေးပစ်ချပြီးတာနဲ့ ထိုင်ချလိုက်ပြီး VM ကို ဖြည်းဖြည်းခြင်းလျှော့ ( အသက်ကို ဖြည်းဖြည်းဖြင်း ပြန်ထုတ်) ပြီးတော့ barbell ကို ကိုင်ထားပါတယ်။ လဲကျမသွားအောင်ပါ။ မျက်လုံးကို ဖွင့်ထားရပါတယ်။ ရေဓာတ်လုံလောက်နေပါစေ။ သွေးတွင်းသကြားဓာတ် လုံလောက်နေပါစေ။ ဒါတွေက မူးမေ့ခြင်းကို ပိုဆိုးစေပါတယ်။ ဒါဆို အလွန်ဆုံး စက္ကန့်ပိုင်း မျက်စိ ပြာခနဲ ဖြစ်သွားပြီး ပြန်ကောင်းသွားပါတယ်။ ( လိုက်လုပ်ကြဖို့ ပြောနေတာ မဟုတ်ပါ။ တကယ်လို့ ကျွန်တော့်လို deadlift ကို အကွဲအပြဲ ဆွဲချင်တဲ့သူတွေအတွက် ကျွန်တော့် နည်းနိဿယ လေးပါ။) safety first အကောင်းဆုံးကတော့ ရှောင်ရှားကြပါ။
#superego

image