#fightnews
မကြာခင် ပွဲပြန်ထိုးတော့မယ့် သွေးလင်းထက်
*********
ONE Friday Fights စင်မြင့်ထက် မြန်မာကိုယ်စားပြု ထိုးနေတဲ့ ဖိုက်တာတွေထဲမှာ ရလာဒ်အကောင်းဆုံး ဖိုက်တာကို ပြပါဆိုရင် သွေးလင်းထက်ကို ပြရမှာပါ။
စုစုပေါင်း 4 ပွဲ ထိုးတယ် ၊ 3 ပွဲ နိုင်တယ် ၊ 1 ပွဲ ရှုံးတယ် ၊ 2 ကြိမ် ဘောနပ် ရထားပါတယ်။
ဒီနှစ်ထဲမှာ ထူးထူးခြားခြား နိုင်ပွဲဆက်တာလဲ သူ တစ်ယောက်ပဲ ရှိပါတယ်။
ထပ်ပြီး ထူးခြားတာက သွေးလင်းထက် ထိုးထားတဲ့ 4 ပွဲ စလုံးဟာ အိမ်ရှင် ထိုင်းဖိုက်တာတွေနဲ့ချည်းပါ။
များသောအားဖြင့် မြန်မာဖိုက်တာတွေက ထိုင်းဖိုက်တာတွေ ဆိုရင် အသာစီးရတာ နည်းပါတယ်။ သွေးလင်းထက်ကတော့ ရှားပါးတဲ့ စွမ်းဆောင်ရည်မျိုး ချပြထားသူလို့ ပြောနိုင်ပါတယ်။
တစ်ချိန်တည်းမှာ သူ့ရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန် ထောက်ပြမှုတွေလဲ ခံထားရပြန်ပါတယ်။
ထရိန်နင် မမှန်တာ ၊ ပြင်ဆင် လေ့ကျင့်တဲ့အပိုင်း အားနည်းတာ စသဖြင့် ထောက်ပြကြတာပါ။ ဒါကလဲ ဖြစ်စေချင်တဲ့ ဆန္ဒမျိုးနဲ့ ပြောကြတာလို့ နားလည်ပါတယ်။
ဘာလို့လဲ ဆိုတော့ သွေးလင်းထက် ရဲ့ အတွေးခေါ်ကောင်းကောင်းနဲ့ ကစားတတ်တဲ့ ပုံစံနဲ့ စိတ်နှစ် ကိုယ်နှစ် ကြိုးစားလိုက်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ ခရီးရောက်သွားမှာကို မြင်ကြလို့ ဂရုဏာသောသော ပြောကြတာ နေမှာပါ။
စောင့်ကြည့်ချင်တာက သွေးလင်းထက် ဒီတစ်ခါ ပွဲ ထိုးတာ နည်းနည်းလေး နောက်ကျပါတယ်။
သူနဲ့ ပြိုင်ပွဲတစ်ခုထဲမှာ ထိုးခဲ့တဲ့ အဲမွီက ထိုးပြီးသွားပြီ။ သူ့ရှေ့မှာ ထိုးခဲ့တဲ့ စူပါရေချမ်းကလဲ မနက်ဖြန် ထိုးတော့မယ် ဆိုတော့ သွေးလင်းထက် ပွဲလက်ခံတာ နောက်ကျတယ်လို့ ဆိုလို့ရပါတယ်။
ဒါက ပြင်ဆင်မှုပိုင်းတွေ ပိုပြီး အားစိုက်ထားလို့လား ၊ ထောက်ပြနေတဲ့အချက်တွေကို ပိုပြီး လုပ်ပြနေလို့လား ဆိုတာ မကြာခင် ကြိုးဝိုင်းထဲမှာ သိခွင့်ရတော့မှာပါ။
