4 w - Translate

အောင်လအန်ဆန်း အတွက် ဂုဏ်ယူနေတဲ့ ဟင်နရီဟုဖ်
*************
အောင်လအန်ဆန်း ဟာ လွန်ခဲ့တဲ့ အပတ်ကပဲ အသက် 40 ပြည့်မြောက်ခဲ့ပါပြီ။
နည်းပြဘဝကလဲ အရင်ကထက် ပိုပြီး ပီပီပြင်ပြင်ဖြစ်လာတာ တွေ့ရပါတယ်။
ပိုလန်မှာ ကျင်းပတဲ့ KSW ပရိုမိုးရှင်းထိ ခြေဆန့်ခဲ့သလို ၊ ကနေဒါမှာ ကျင်းပတဲ့ UFC 315 ပြိုင်ပွဲမှာလဲ ရှိခဲ့တာပါပဲ။
ဟိုတနေ့ကတော့ Fury FC က ကျင်းပတဲ့ ပြိုင်ပွဲမှာ ဒါဂက်စတန်က တပည့်တစ်ယောက်ကို ကြီးကြပ်ဖို့အတွက် လိုက်ပါလာခဲ့ပါတယ်။
ဒီအချက်တွေကို ထောက်ကြည့်ရင်ပဲ အောင်လအန်ဆန်း ရဲ့ MMA နည်းပြဘ၀ က အတော်ကြီး ပီပြင်လာပြီလို့ ပြောလို့ ရပါတယ်။
Kill Cliff FC ရဲ့ နည်းပြချုပ်ကြီး ဟင်နရီဟုဖ် ကတော့ အောင်လ လို နှစ်ထပ်ကွမ်းချန်ပီယံဟောင်း တစ်ယောက် သူတို့ အနာဂတ် Team ရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်နေတာ ဂုဏ်ယူမိတယ် ဆိုတဲ့ အကြောင်း My Day Story မှာ ရေးသားသွားခဲ့ပါတယ်။
ဆက်လက် အောင်မြင်ပါစေ ကချင်သားကြီးရေ..............👏👏👏

image