4 ပတ် - ဘာသာပြန်ပါ။

SRG OG အနေနဲ့ Back To Back Champions ဆုကိုရယူသွားနိုင်မလား
အခု ကျင်းပသွားတော့မယ့် MSC 2025 ပြိုင်ပွဲအတွက် လက်ရှိ Champions SRG OG အသင်းက တတ်ရောက်ခွင့် ရလာခဲ့ပါတယ်။
အဲ့တာနဲ့အတူပဲ တစ်ခြားသောထူးခြားတာတွေအများကြီးပါဝင်လာပါတယ်။
SRG အနေနဲ့ ဒီတစ်ခေါက်မှာလည်း 18-1 ဆိုတဲ့ ရလဒ်မျိုးနဲ့ MPL MY ပြိုင်ပွဲ တစ်လျှောက် ဒုတိယမြောက်ရှုံးပွဲမရှိ Regular Season ကိုဖြတ်သန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် SRG OG အနေနဲ့ MPL Champions ဆုအတွက်ပါရေပန်းစားနေပါတယ်။
ဒါဆိုရင် MLBB ရပ်ဝန်းမှာ SRG OG အတွက် မေးခွန်းတစ်ခုပေါ်လာရှိနေပါတယ်။
"SRG အနေနဲ့ MSC Champions ဆုကို ရယူပြီး Back To Back Champions ဖြစ်သွားမလား " ဆိုတာပါပဲ။
ဒါက လွယ်ကူတဲ့ ကိစ္စမျိုးတော့ဟုတ်မနေပြန်ပါဘူး။
MSC ကိုတတ်လာတဲ့အသင်းတွေထဲမှာ MPL PH ရဲ့အကောင်းဆုံး အသင်းတွေဖြစ်တဲ့ Team Liquid PH နဲ့ Onic PH တို့ပါဝင်ပါတယ်။
ဒီနှစ်သင်းက SRG ကို ပူပူနွေးနွေးအနိုင်ယူပြထားတဲ့အသင်းတွေဖြစ်ပါတယ်။
M6 World Championship ပြိုင်ပွဲမှာ Onic PH က 2-0 နဲ့အနိုင်ယူပြခဲ့ပြီး TEAM LIQUID ကလည်း 2024 ခုနှစ်ရဲ့ ESL Challenge Final မှာ 3-2 နဲ့အနိုင်ယူပြထားပါတယ်။
ဒါက SRG OG အတွက်ခက်ခဲတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာကို သူတို့သေချာသဘောပေါက်ထားပုံရပါတယ်။
အရင် ရက်သတ္တပတ်ကပဲ Dota 2 Legend ကြီး Ceb ကို အသင်းရဲ့ Technical Director အဖြစ်ခန့်အပ်ခဲ့ပါတယ်။
Ceb က TI (The International) ပြိုင်ပွဲ ကို Back To Back Champions ဆုရယူဖူးတဲ့သူဖြစ်ပါတယ်။
ပြိုင်ပွဲတစ်ခုမှာ အသင်းတစ်သင်းအနေနဲ့ နှစ်ကြိမ်ဆက် Champions ဖြစ်နိုင်ဖို့ လိုအပ်ချက်တွေကို ကောင်းကောင်းသိနိုင်ပါတယ်။
ဒီလိုအချက်တွေကိုကြောင့် SRG OG ရဲ့ ခရီးလမ်းကတော့ ထင်သလောက်မလွယ်ကူပေမယ့် ဖြစ်နိုင်ချေအချို့လည်း ရှိပါကြောင်းတင်ဆက်လိုက်ရပါတယ်။

image