အကယ်၍စာဖတ်သူခင်ဗျားဟာ Monster Jeffrey Dahmer , The Lyle and Erik Menendez တို့လို ရုပ်ရှင်ကိုကြိုက်ရင် ဒီစီးရီးကိုလဲကြိုက်မှာအသေချာပါပဲ ။
Mindhunter Series ကို Netflix က Produce လုပ်ပြီး Season 2 ခုရှိပါတယ် ။ ဒီစီးရီးမှာ SeVen , Zodiac တို့ကိုရိုက်တဲ့ David Fincher ကလဲ Producer တစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီး 1995 ခုနှစ်လောက် FBI အေးဂျင့် နှစ်ယောက်ရဲ့ အမေရိကန်နိုင်ငံရဲ့ စိတ္တဇဆိုက်ကိုလူသတ်သမားတွေ နဲ့ ရာဇဝတ်သားတွေရဲ့အကြောင်းကို စာတမ်းပြုစုထားတဲ့ ဖိုင်တွဲကိုမှီငြမ်းထားတာပါ ။
ဒီစီးရီးရဲ့ ထူးခြားချက်က စီးရီးမှာ ရာဇဝတ်သားတွေအဖြစ်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေနဲ့ တကယ့်အပြင်ကရာဇဝတ်သားတွေနဲ့ကတစ်ပုံစံထဲပါ ။ မသိရင်တကယ့်ရာဇဝတ်သားတွေခေါ်ရိုက်ထားသလိုအောက်မှတ်ရပါတယ် ။
FBI Agent နှစ်ယောက်ရဲ့ စိတ္တဇလူသတ်သမားတွေရဲ့ စိတ်ထဲမှာသူတို့ဘယ်လိုတွေးလဲ ဘာတွေစဉ်းစားလဲ စတဲအကြောင်းတွေနဲ့သူတို့ဘဝအကြောင်းတွေကိုလေ့လာတဲ့စီးရီးဖြစ်ပါတယ် ။ Rating ပိုင်းမှာလဲ IMDb
8.6/10 နဲ့ ခရမ်းချဉ်သီးပုပ်မှာ 97% ရရှိထားပါတယ် ။
[ ကြည့်ချင်ရင်ကို့ဘာသာရှာကြည့်ကြပါ ။ မြန်မာစာတန်းထိုးက CM မှာလဲမရှိပါဘူး ။ ]

image