4 ပတ် - ဘာသာပြန်ပါ။

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိကြတယ်
တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေလည်း
ရှိနေတတ်တယ်
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ သိက္ခာမရှိတဲ့သူ ဖြစ်နေပြန်ရော
တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့
အရာတွေကိုတောင်
သူတို့ပါးစိတ်မှာ ကိုယ်ဟာလုပ်မိသလိုမျိုး
အဲ့ဒါတွေကိာ ကိုယ်ကလိုက်ပြီးရှင်း ပြစရာလည်း
မလိုအပ်သလို ဖြေရှင်းလို့လည်း လက်ခံပေးကြမှာ မဟုတ်ဘူး
ကိုယ်တိုင်ကလည်း
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိဘူး
ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ မကောင်းတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ ဘယ်အချိန်ပဲဖြစ်ဖြစ် လိပ်ပြာသန့်နေဆဲပါပဲ
အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ပဲ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားနေထိုင်တယ်

image