4 w - Translate

ချစ်တဲ့သူကိုသတိရတဲ့အခါ
✏️ -- ခင်နှင်းကြည်သာ
(အသဲလားကွဲဖူးတာပေါ့ညီမလေးရယ်။)
ချစ်တဲ့သူကိုသတိရတဲ့အခါ မေတ္တာပို့ပေးပါ။
ကိုယ်ချစ်တဲ့သူတယောက်ကိုအေးချမ်းပါစေ၊ဘေးအန္တာရာယ်ကင်းပါစေ၊စိတ်မဆင်းရဲပါစေနဲ့၊ခန္ဓဆင်းရဲကိုမခံရပါစေ‌နဲ့၊လုပ်ငန်းအောင်မြင်ပါစေ၊လုမိုက်တွေရန်ကင်းဝေးပါစေ၊သူတော်ကောင်းနဲ့သာတွေ့ပါစေ။
ကမ္ဘာပေါ်မှာ အမြန်ဆုံးက စိတ်ပါ စွမ်းအားအကြီးဆုံးကလည်းစိတ်ပါ အဲ့ဒီစွမ်းအားအကြီးဆုံးနဲ့အမြန်ဆံုးစိတ်ကိုအသုံးချပြီး မေတ္တာပို့တဲ့အခါမှာမေတ္တာတရားရဲ့အကျိုးတကယ်ကိုရရှိပါတယ်။
အချစ်လို့ဆိုလိုက်တာနဲ့ မနက်လင်းရင် ဖုန်းဆက်ရမယ် စာပို့ရမယ်၊ လာတွေ့ရမယ်၊လက်ဆောင်ပေးပို့ရမယ်၊နေ့စွဲတွေကိုသတိရရမယ်၊ရင့်ရင်သီးခံရမယ်၊အိပ်ပျော်ချိန်ထိဖုန်းပြောရမယ်၊အနာဂတ်ကိုအကောင်းဆုံးဖန်တီးပေးရမယ်။
ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေ တည်ဆောက်မိတဲ့အခါ အချစ်ကပျော်ရွှင်ခြင်းထက် ပူလောင်မှုကိုပိုခံစားရလာတယ်။
ချစ်ခြင်းမှာ မေတ္တာတရားကိုပေါင်းထည့်လိုက်ပြီး ချစ်သူကိုသတိရတဲ့အခါမေတ္တာပို့၊လွမ်းတဲ့အခါ မေတ္တာပို့၊သူ့နာမည်ကိုရွတ်မိတိုင်းမေတ္တာပို့ပေးလိုက်ပါ။
မေတ္တာဆိုတာ အပြန်အလှန်အကျိုးပြုတဲ့သတ္တိရှိတယ်။ပို့တဲ့သူရော၊မေတ္တာရရှိတဲ့သူရောအေးချမ်းရပါတယ်။
အရမ်းသတိရနေလား အရမ်းလွမ်းနေလား၊ အဲ့လ်ိုဖြစ်‌နေရင် စိတ်ဓာတ်ခွန်အားတွေ အများကြီးရတဲ့ ဆရာမခင်နှင်းကြည်သာရဲ့ ချစ်သူကိုသတိရတဲ့အခါစာအုပ်လေးဖတ်ဖြစ်အောင်ဖတ်လိုက်နော်။

image