" ပါးနပ်တဲ့ အပြောအဆို .
လူတစ်ယောက်ကို "ခင်ဗျား လွဲနေတယ်
လို့ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။
ဒါပေမယ့် လူတစ်ယောက်ကို
ဒီလိုလေး လုပ်လိုက်ရင် ခင်ဗျား
ပိုပြီးအဆင်ပြေလိမ့်မယ် လို့ပြောရင် လက်ခံချင် လက်ခံလာလိမ့်မယ်။
ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်ပြောချင်တဲ့စကားတွေကို
တစ်ဖက်သားက လက်ခံဖို့ဆိုရင် ပြောတတ် ဆိုတတ်ဖို့က
သိပ်အရေးကြီးတယ်။
ဘယ်တော့မှ နင်မှားတယ်၊ငါမှန်တယ်
ဆိုတာမျိုး မပြောမိစေနဲ့။ ပြောမယ့်ပြော
နင်ပြောတာ မှားတော့မမှားဘူး။
ဒါပေမယ့် ဒီလိုလေးဆို ပိုပြီးတောင် မှန်ဦးမယ်"
ဆိုတဲ့အပြောမျိုး ပြောတတ်အောင်ပြော။
အပြောအဆိုကြောင့်ပဲ
လူတွေရဲ့အထင်ကြီးကိုးစားတာကို ခံရတတ်သလို
အပြောအဆိုကြောင့်ပဲ လူမုန်းများတတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပါးပါးနပ်နပ် ပြောတတ်ဆိုတတ်
သူတစ်ယောက်အတွက်ကတော့
အပြောအဆိုကြောင့် လူမုန်းမခံရတတ်ပါဘူးလေ။
