4 w - Translate

❛ ဤ က မ္ဘာ မြေ ၌
ကျွန်ုပ် ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။
ကဗျာဖြင့်စပ်ယှက်ခဲ့သော ကျွန်ုပ်၏
နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့် သူကောင်းပြုပါ၏။
▫️မောင်ချောနွယ်
× ×
❛ ငါဟာ ဘဝမှာ နေစရာမရှိလို့
သေပစ်ဖို့ စဉ်းစားဖူးတယ်။
ဟာသပဲ ငါသေချင်ခဲ့ပုံများ
ဟာသပဲ ငါမသေရဲခဲ့ပုံများ။
▫️အောင်ချိမ့်
× ×
❛ ကမ္ဘာကြီးကလည်း
နည်းပညာအသစ်အဆန်းတွေနဲ့
ပိုကြီးလို့၊ ပိုထွားလို့
မိုးထိတိုက်ကြီးတွေ
မိုးပျံလမ်းမကြီးတွေ
ပိုကြီး ပိုထွားသွားတော့
လူသားဘဝကလည်း ပိုပြီး
သေးငယ် သေးသိမ်သွားရပြီပေါ့
သားက အဲဒါကို မခံနိုင်တာပါ အမေ
▫️သုခမိန်လှိုင်
_ _ _ _ _ _ _ _ _ _ _
▫️မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်
▪️သမိုင်းသင်္ခန်းစာနှင့်သားပြန်လာပြီအမေ

image