ငါးသေတ္တာကိုဤကဲ့သို့သုတ်စားသည်
ပါဝင်ပစ္စည်းများကတော့ငါးသေတ္တာတဗူးကြက်သွန်နီအသေး၅လုံးပါးပါးလှီးစပါးလင်၂ချောင်းပါးပါးလှီးထားပါငရုတ်သီးစိမ်းပါူပါးလှီးအစပ်ကြိုက်သလိုမကြိုက်လည်းမထည့်လို့ရသံပုသီး၁လုံးအရည်ညှစ်ထားပါနံနံပင်၂ပင်ပါးပါးလှီးထားပါပဲငံပြာရည်ထမင်းစားဇွန်း၁ဇွန်းငါးသေတ္တာမှာပါတဲ့အနှစ်ရည်ထမင်းစားဇွန်း၃ဇွန်းသကြားထမင်းစားဇွန်း၁ဇွန်းခရုဆီထမင်းစားဇွန်း၁ဇွန်းလိုပါတယ်......
စသုတ်ပါမယ်ပန်းကန်ပြားတခုထဲငါးသေတ္တာထဲမှငါးလေးများစီထည့်ပါပြီးရင်တော့ခုနကပါဝင်ပစ္စည်းများကိုဆော့စ်ပြုလုပ်ပြီးအပေါ်မှဆမ်းပေးလိုက်ရင်တော့ငါးသေတ္တာသုတ်ချဉ်ငန်စပ်မွှေးမွှေးလေးကိုထမင်းပူပူလေးနဲ့စားလို့ရပါပြီ🥣🥣🥣

image