👏💖ရတနာဃရ သတ်တာဟ💖👏
🙏ပဋ္ဌာန်းအဓိပ္ပါယ် ၊ ပဋ္ဌာန်း(၂၄)ကျမ်း ၊ 🙏
💐အဘယ်ကြောင့် ပဋ္ဌာန်းမည်သနည်း။
(၁) အထူးထူး အပြားပြား ရှိသော ပစ္စည်းရှိသောကြောင့် -
(၂) အထူးထူး အပြားပြားရှိသော ဟေတု စသော
ပစ္စည်းတို့၏ အစွမ်းဖြင့် ဟောတော်မူအပ် သောကြောင့်-
(၃) ကုသိုလ်အစရှိသော တရားတို့ကို
ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့်
ဝေဖန်ရာ ဖြစ်သောကြောင့် -
(၄) ဟေတု အာရမ္မဏ အစရှိသော (၂၄) ပစ္စည်းတို့ဖြင့်
ကုသိုလ်စသော တရားတို့ကို အကျယ်ချဲ့ဖို့ရာ
နည်းကိုရသောကြောင့် ငြိစွန်းခြင်း မရှိ
သဗ္ဗညုတဉာဏ်တော်၏ ဖြစ်ရာဖြစ်သောကြောင့် -
ပဋ္ဌာန်းမည်ပါသည်။
(ဆောင်ပုဒ်)
* ပစ္စည်းကောင်းဆိုး အမျိုးမျိုးဖြင့်
ကြောင်းကျိုးဆက်သွယ် နည်းစုံခြယ်
အံ့ဖွယ်မြတ်ပဋ္ဌာန်း။
* တရားကောင်းဆိုး အမျိုးမျိုးကို
ကြောင်းကျိုးဆက်ကာ ဝေဖန်ရာ
ထူးတာ မြတ်ပဋ္ဌာန်း။
* တရားလုံးစုံ အကုန်သိမြင်
ဘုရားရှင်၏ ဉာဏ်အသိ
တည်ရှိ မြတ်ပဋ္ဌာန်း။
(တိပိဋက ယောဆရာတော်
အရှင်သိရိန္ဒာဘိဝံသ)
👏ပဋ္ဌာန်း(၂၄)ကျမ်း 👏
1. တိက-ပဋ္ဌာန်း
တစ်ပုဒ်လျှင် ၃-မျိုးပါဝင်သည်။
ပုံစံ။ ၁ ။(က)ကုသလာ ဓမ်မာ
(ခ) အကုသလာ ဓမ္မာ
(ဂ) အဗျာကတာ ဓမ္မာ
ထို ၃- မျိုးကို အပြန်အလှန် ရောနှော၍
ဟေတု ပစ္စယော စသော ၂၄-ပစ္စည်းနှင့် ဟောသည်။
ဒီလို အပုဒ်ပေါင်း -၂၂-ပုဒ် ရှိသည်။
2. ဒုကပဋ္ဌာန်း
တစ်ပုဒ်လျှင် ၂- မျိုး ပါဝင်သည်။
ပုံစံ။ ၁ ။(က)ဟတေု ဓမ်မာ
( ခ ) န ဟေတု ဓမ္မာ
ဒီလို အပုဒ်ပေါင်း -၁၀၀-ပုဒ် ရှိသည်။
3.ဒုက-တိက ပဋ္ဌာန်း
ဒုက-၁၀၀ နှင့် တိက-၂၂ ပုဒ်ကို ရောနှော၍ ဟောသည်။
4.တိက-ဒုက ပဋ္ဌာန်း
တိက-၂၂နှင့် ဒုက ၁၀၀ ပုဒ် ကို ရောနှောသည်။
5.တိက-တိက ပဋ္ဌာန်း
တိက-၂၂နှင့်တိက-၂၂ ပုဒ်ကို ရောနှောသည်။
6.ဒုက-ဒုက ပဋ္ဌာန်း
ဒုက-၁၀၀ နှင့် ဒုက-၁၀၀ ပုဒ်ကို ရောနှောသည်။
နည်း(၄)မျိုး-
(၁) အနုလောမနည်း
- ဟေတုပစ္စယော စသည် ..........
(၂) ပစ္စနိယနည်း
- န ဟေတုပစ္စယော စသည်........
(၃) အနုလောမ ပစ္စနိယနည်း
- ဟေတုပစ္စယော န အာရမ္မဏပစ္စယော စသည်.......
(၄) ပစ္စနိယာနုလောမနည်း
- န ဟေတုပစ္စယော အာရမ္မဏပစ္စယော စသည်.......
👏 တစ်နည်း၌ တိကစသည် (၆)ကျမ်းစီ
၄x၆= ၂၄ ကျမ်းဖြစ်သည်။
🙏 ပဋ္ဌာန်း (၂၄) ကျမ်း ပုစ္ဆာ(အမေး)ပေါင်းချုပ်🙏.
၁။ တိက ပဋ္ဌာန်း ၈ ၃ ၄ ၅ ၂ ရ ၂ ၃ ၂
၂။ ဒုက ပဋ္ဌာန်း ၆ ၉ ၆ ရ ၂ ၉ ၆ ၀ ၀
၃။ ဒုက-တိက ပဋ္ဌာန်း ၄ ၅ ၉ ၈ ၄ ၁ ၅ ၃ ၆ ၀ ၀
၄။ တိက-ဒုက ပဋ္ဌာန ၁ ၆ ၆ ၉ ၀ ၅ ၄ ၄ ၆ ၄ ၀ ၀
၅။ တိက-တိက ပဋ္ဌာန်း ၅ ၂ ၅ ရ ၅ ၂ ၁ ၅ ၆ ၁ ၆
၆။ ဒုက- ဒုက ပဋ္ဌာန်း ၁ ၃ ရ ၉ ၅ ၂ ၄ ၆ ၀ ၈ ၀ ၀
ပဋ္ဌာန်း (၂၄)ကျမ်း
ပုစ္ဆာပေါင်းချုပ် ၄ ၀ ၄ ၉ ၄ ၈ ၅ ၃ ၃ ၂ ၄ ၈
👏ပုစ္ဆာများရွတ်ဆိုကြာမြင့်ချိန် (ခန့်မှန်း) - 👏
👏သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော
ဥပဇ္ဇေယျ ဟေတုပစ္စယာ
🍄၉ စက္ကန့်ခန့်ကြာသည်။
🌲ပုစ္ဆာပေါင်း - ၄၀၄၉၄၈၅၃၃၂၄၈ x ၉စက္ကန့်
= ၃၆၄၄၅၃၆၇၉၉၂၃၂ စက္ကန့်
🌳မိနစ်ဖွဲ့သော်
🌳၃၆၄၄၅၃၆၇၉၉၂၃၂ စက္ကန့် -:- ၆၀
=၆၀၇၄၂၂၇၉၉၈၇.၂မိနစ်
🌵နာရီဖွဲ့သော်
🌵၆၀၇၄၂၂၇၉၉၈၇.၂မိနစ် -:- ၆၀
= ၁၀၁၂၃၇၁၃၃၃.၁၂နာရီ
🌷ရက်ဖွဲ့သော်
🌷၁၀၁၂၃၇၁၃၃၃.၁၂နာရီ -:- ၂၄
= ၄၂၁၈၂၁၃၈.၈၈ရက်
🎄 နှစ်ဖွဲ့သော်
🎄၄၂၁၈၂၁၃၈.၈၈ရက် -:- ၃၆၅
= ၁၁၅၅၆၇.၅၀၃၇၈၀၈၂၁၉နှစ်
🏆ပုစ္ဆာအမေးကိုပင် (အဖြေမပါသေး)ရွတ်ဆိုချိန်မှာ
🏆 နှစ်ပေါင်း ၁သိန်း၁သောင်း၅ထောင်၅ရာ၆ဆယ်ရနှစ်
၁၈၃ရက် ၂၁နာရီ ကြာမြင့်မည်ဖြစ်သည်။
🎖အဖြေမှာ အမေးပုစ္ဆာထက်ရှည်သည်။
အကယှ၍ ဆတူဘဲ ထားပါဦး။
စုစုပေါင်း ကြာမြင့်ချိန်မှာ -
🎖 နှစ်ပေါင်း- ၂သိန်း၃သောင်း၁ထောင်၁ရာ
၃ဆယ်၅နှစ် ၂ရက် ၁၈နာရီ ကြာမြင့်မည်။
💖ဘယ်ကလောက် အံဖွယ်ကောင်းပါသနည်း။
💗သဗ္ဗညုတဉာဏ်တော်၏ အရာသာဖြစ်ပေသည်။
💖သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသည်
—အဘယ်မျှ အံ့ဖွယ်ဖြစ်ပါသနည်း။
✍သဗ္ဗညုတဉာဏ်တော်အစွမ်းသုံးပါးကို
—အရကျက်၍ ပူဇော်ဆောင်ထားနိုင်လျှင်
—စကြာဝဠာ၌ အကြီးမြတ်ဆုံးစေတီကို
—သင့်နှလုံးသားမှာ တည်ပြီးဖြစ်ပါလိမ့်မည်။
✍ထိုအခါ သင့်၏ ဘုန်းတန်ခိုးတော်သည်လည်း
—အံ့ဖွယ်ဖြစ်ပေါ်လာပါလိမ့်မည်။
—လိုတရ နှလုံးသားကို သင်ပိုင်ဆိုင်လာလိမ့်မည်။
🙏သဗ္ဗညုတဉာဏ်တော် အစွမ်း 🙏
၁။သိရန်မှန်က၊ မကျန်ရအောင်၊
လုံးဝစုံလင်၊ အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
၂။သိသည့်တရား၊ များအပြား၌၊
ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊
ခြယ်လည်စုံလင် အကုန်မြင် ၊
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
၃။ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊
ဣန္ဒြေစရိုက်၊ သူ့အကြိုက်ကို၊
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
👏ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန်စံသည့်တိုင်အောင် သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း။
👏ပါရမီအပေါင်း ဆင့်ဆင့်လောင်းမှ
အကောင်းဆုံးဖြစ်ပေါ်
ထိုသဗ္ဗညုတဉာဏ်တော်မြတ်၏
အစွမ်းသုံးဖေါ် အာနုဘော်ဖြင့်
ထိုထိုကိစ္စ မမှားရအောင်
နိစ္စပုံသေ ညွှန်ပြစေတော်မူပါဘုရား။
( ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ )
