4 w - Translate

Ram 12GB ပါလာမယ့် iPhone 17 Series

Digital Chat Station က Weibo မှာဖော်ပြလာပုံအရ Apple ဟာ iPhone 17 Series ရဲ့ မော်ဒယ် ၄ မျိုးလုံး (iPhone 17, 17 Pro, 17 Pro Max, 17 Air) မှာ Ram 12GB ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ Apple Intelligence ကြောင့်ပါတဲ့။
Apple Intelligence ရဲ့ Feature အသစ်တွေကို iPhone 17 Series မှာ သိသိသာသာဖော်ထုတ်လာမှာဖြစ်ပြီး ဒါကြောင့်ပဲ Ram များများထည့်ပေးမှာ ဖြစ်ပါတယ်။ Ram 12GB ဟာ iPhone 17 Series အတွက် 50/50 ဖြစ်နေသေးပေမဲ့လည်း နောက်နှစ်ထွက်မယ့် iPhone 18 Series မှာတော့ ထည့်သွင်းသွားဖို့ သေချာ‌သလောက်ရှိတယ်လို့ TF Securities analyst ဖြစ်တဲ့ Ming-Chi Kuo က ဆိုထားပါတယ်။

image